
အခုတစ်ခေါက် မိတ်ဆက်ပေးမယ့် ကိုရီးယားစီးရီးလေးကတော့ နာမည်ကြီး Webtoon ကို Drama အဖြစ် ရိုက်ကူးတင်ဆက်ထားတဲ့၊ လူငယ်တွေကြားက ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်တွေကို ဟာသအရောအနှောလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုနိုင်မယ့် True Beauty စီးရီးလေးပဲ ဖြစ်ပါတယ်။ ဒီစီးရီးကလည်း အပိုင်းတစ်ပိုင်းကို ၁ နာရီကျော်စာရှိပြီး အပိုင်း ၁၆ ပိုင်း ပါဝင်သွားမှာဖြစ်လို့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ ဇာတ်လိုက်မင်းသားချော၊ မင်းသမီးလှလှလေးတွေကို တစ်ဝကြီး ရှုစားနိုင်မှာပါ။ လောကကြီးမှာ တည်ရှိနေတဲ့ အရာရာတိုင်းမှာ ကိုယ်စီ စစ်မှန်တဲ့အလှတရားဆိုတာရှိစမြဲပါ။ ဒါပေမဲ့ မိမိမှာ ရှိတဲ့ အလှတရားစစ်စစ်ကိုသာ မချပြရဲဘူးဆိုရင် အယောင်ဆောင်တွေကြားထဲမှာပဲ လမ်းပျောက်သွားနိုင်ပါတယ်။ ကိုယ် ကိုယ်တိုင်တောင် သတိမထားမိသေးတဲ့ အလှတရား အစစ်အမှန်ကို ရှာတွေ့နိုင်ဖို့ဆိုရင် ဒီစီးရီးလေးကို ကြည့်လိုက်ဖို့ ညွှန်းဆိုချင်ပါတယ်။ ဇာတ်လမ်းထဲမှာ ရုပ်ရည်ကြောင့် အနိုင်ကျင့်ခံရတဲ့ အင်ဂျူဂယောင်းဟာ အိမ်တွင်းရေးကိစ္စတချို့ကြောင့် တခြားကျောင်းကို ပြောင်းရွှေ့ဖို့ဖြစ်သွားပြီး ရုပ်ဆိုးလို့ အနိုင်ကျင့်ခံနေရတဲ့ မျက်နှာကို ဖုံးကွယ်ဖို့ မိတ်ကပ်ကို စသုံးလိုက်တဲ့အချိန်မှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်သွားမလဲ၊ ငယ်ငယ်ကတည်းက တွေ့ခဲ့ဖူးတဲ့ ကောင်မလေးကို ပြန်တွေ့လိုက်တဲ့အချိန် သွေးအေးအေးနဲ့ ခက်ထန်ထန်နေတတ်တဲ့ အီဆူဟိုကရော အလှတရားအစစ်အမှန်ကို ဘယ်လိုခံစားမိပြီး ချစ်ကြိုက်မိ သွားမလဲ၊ လက်စားချေဖို့ဆိုပြီး ချဉ်းကပ်ရင်း သူငယ်ချင်းဖြစ်သူသဘောကျနေတဲ့ ကောင်မလေးကိုပဲ ချစ်မိသွားတဲ့ အချေကောင်လေး ဟန်ဆောဂျွန်းကရော တဇွတ်ထိုးဆန်ဆန် ဆက်ချစ်နေမှာလား၊ ဖွင့်ပြောဖြစ်မှာလား၊ နောက်ဆုတ်လိုက်မှာလား စတာတွေကို သိနိုင်ဖို့ဆိုရင် အခုပဲ ဒီကိုရီးယားစီးရီးလေးကို ကြည့်ရှုလိုက်ကြပါ။
?????