
The School Nurse Files 2020 ဒီစီးရီးကတော့၂၀၂၀အတွင်း မကြာသေးခင်ကထွက်ထားတဲ့ အပိုင်း၆ပိုင်း ပါဝင်တဲ့ သဘာဝလွန်သိပ္ပံကားကောင်းလေး တစ်ကား ဖြစ်ပြီး Netflix ကဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်း တစ်ခုက သူနာပြုဆရာမ အွန်းယောင်းက သဘာဝလွန် နောက်ထပ်ကမ္ဘာတစ်ခုကိုငယ်ငယ်လေးထဲက မြင်နိုင်တဲ့စွမ်းအား ရှိပါတယ်။သူမအမေဆုံးသွားတုန်းကလည်း အခြားကမ္ဘာထဲကသူမအမေပုံရိပ်ကို ဆုံးပြီးနောက်ပိုင်း တွေ့ခဲ့ဖူးပါတယ်။ဒီလိုနဲ့ အွန်းယောင်းတစ်ယောက် အထက်တန်းကျောင်းတစ်ခုက ဆေးခန်းမှာသူနာပြုဆရာမအဖြစ်လုပ်နေရာကနေ အဲ့ဒီကျောင်းမှာ ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်လာခဲ့ပါတယ်။ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလို့ ဒီစီးရီးလေးကို သေချာစောင့်ကြည့်စေချင်ပါတယ်။ သိပ္ပံ၊အက်ရှင်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်တဲ့ ကားဖြစ်သလို အရမ်းလည်းကြောက်စရာမကောင်းလို့ လူငယ်လူကြီးမရွေးကြည့်ပျော်တဲ့ ဇာတ်ကားလေးလည်းဖြစ်တယ်လို့ညွှန်းချင်ပါတယ်