
ဒီတစ်ခါမှာတော့ သရဲကားကို စီးရီးနဲ့မှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် အစုံသုပ် သရဲကားတစ်ကားအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဘာလို့အစုံသုပ်လို့ ပြောရလဲဆိုတော့ supernatural horror အမျိုးအစားဖြစ်တာရယ် romance ကိုလည်း တမူထူးခြားဆန်းပြားစွာထည့်ထားတာရယ်ကြောင့်လို့ပြောရပါလိမ့်မယ်။ ဒီကားဟာ 2020 Octမှာ Netflix ကနေထုတ်လွှင့်သွားတာဖြစ်ပြီး အပိုင်း(၉)ပိုင်းရှိတာကြောင့် တဝကြီးကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်။ Rating 7.5 ရထားတဲ့ ကားတစ်ကားဖြစ်တာကြောင့် ဇာတ်အိမ်မခိုင်မှာကို စိတ်မပူရပါဘူး။ ဇာတ်လမ်းအစမှာ လက်ထပ်ပွဲကိုတက်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်က ညဘက် စကားဝိုင်းမှာ သရဲအတွေ့အကြုံတွေပြောကြရင်း လန်ဒန်က ဝင်းဂရေ့ဖ်မိသားစုရဲ့ ကလေးနှစ်ယောက်ကိုထိန်းဖို့ ရောက်လာတဲ့ကလေးထိန်း အမျိုးသမီး အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီထူးဆန်းတဲ့ အိမ်ကြီးရဲ့သမိုင်းကြောင်းနဲ့အတူ ကလေးတွေရဲ့သရုပ်အမှန်ကရောဘာလဲ။ သရဲကရောဘယ်အချိန်ထွက်လာမှာလဲ ဆိုတာကို ရင်တမမနဲ့ကြည့်ရင်း ထူးဆန်းတဲ့အချစ်ရသတွေကိုလည်းခံစားရမှာဖြစ်တာကြောင့် အချိန်မဆွဲဘဲ download ပဲမြန်မြန်ဆွဲလိုက်ကြပါတော့လို့