
ဒီကားလေးကတော့ အချစ်နဲ့လိင်ကိစ္စတွေကိုရွံရှာမုန်းတီးနေတဲ့ ကောင်မလေး ၅ ယောက် အချစ်နဲ့ထိတွေ့မိကြတဲ့အခါ ဘာတွေဖြစ်ပြီး ဘယ်လိုတွေပြောင်းလဲသွားကြမယ်ဆိုတာကို ကြည့်ရမဲ့ ချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ စာအုပ်အရမ်းကြိုက်တဲ့ ကဇုစ ရယ်၊ ကဇုစရဲ့အခင်ဆုံးသူငယ်ချင်း မိုမိုကို ရယ်၊ အရမ်းကိုလှပပြီး အတွေးအခေါ်တွေကတခြားသူတွေနဲ့မတူတဲ့ စုဂဝါရ ရယ်၊ ပဟေဠိဆန်တဲ့ စာရေးဆရာမ ဟွန်းဂို ရယ်၊ အသက်အကြီးဆုံးနဲ့အချစ်ကိစ္စကိုအမုန်းဆုံးဖြစ်တဲ့ ဆိုနဲဇကီ ဆိုတဲ့ ကျောင်းရဲ့စာပေအသင်းဝင်ကောင်မလေး ၅ ယောက်နဲ့စပါတယ်။ သူတို့ ၅ ယောက် ကစာပေကိုအလွန်နှစ်သက်ကြပြီး လိင်ပိုင်းဆိုင်ရာအခန်းတွေပါတဲ့စာအုပ်တွေဆိုရင် လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းတွေကို စာပေဆိုင်ရာအသုံးအနှုန်းဖြစ်အောင်ပြောင်းခေါ်တတ်ကြတဲ့အထိ စာပေကိုချစ်ကြတာပါ။ နောက်ပိုင်းမှာတော့ သူတို့လေးတွေ တစ်ယောက်ချင်းစီက ကိုယ့်ဆီဖြစ်နေတဲ့ခံစားချက်က အချစ်လား ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာကာမစိတ်တွေလား ဆိုတာကို မဝေခွဲနိုင်တော့ဘဲ သူတို့အချင်းချင်း ဘယ်လိုတွေပြဿနာတက်မယ် ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားကြမယ်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲကြည့်ရှုပေးကြပါ။ အဖွင့်သီချင်းလေးဟာလည်း တော်တော်ကောင်းတဲ့အတွက် မကျော်ဘဲနဲ့ နားထောင်ကြည့်စေချင်စေပါတယ်ခင်ဗျာ။