
Money Heist ဆိုတဲ့အတိုင်း စပိန်နိုင်ငံရဲ့ အထင်ကရငွေကြေးစက်ရုံတွေကို ဖောက်ထွင်းလုယက်တဲ့အကြောင်း ဒါရိုက်တာ Álex Pina က ရိုက်ကူးထားတာဖြစ်ပါတယ်။ Season ၅ ခုထွက်ရှိထားတာပါ။ ပရော်ဖက်ဆာဆိုတဲ့လူတစ်ယောက်က သမိုင်းမှာ အကြီးမားဆုံး ရာဇဝတ်မှု ဖြစ်မယ့် ယူရိုငွေ ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့ကြီးမားလှတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် အရည်အချင်းရှိပြီး ဆုံးရှုံးစရာမရှိတဲ့ လူရှစ်ယောက်ကို ခေါ်ယူခဲ့တယ်။ ပရော်ဖက်ဆာကတော့ လုယက်မှုအစီအစဉ်တိုင်းကို အပြင်ကနေ ကြိုးကိုင်ထိန်းချုပ်မှာဖြစ်ပါတယ်။ သူတို့အဖွဲ့ကို ရဲတွေကလည်း ရေတစ်ဆုံးမြေတစ်ဆုံး လိုက်ဖမ်းဖို့ အသင့်ဖြစ်နေတဲ့အခါမှာတော့ သူတို့ရဲ့ အစီအစဉ်တွေ အောင်မြင်ပါ့မလား? ထွက်ပြေးတိမ်းရှောင်ကြရမလား? ဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ကားရဲ့ မရိုးနိုင်ဘဲ အံ့ဩစရာကောင်းတဲ့အချက်က လုယက်သမားတွေက သူတို့ကိုဖမ်းမယ့် ရဲတွေထက် အမြဲတမ်းတစ်ကွက်သာနေတာပါပဲ။ Best Drama Series ဆုကိုလည်း ဆွတ်ခူးရရှိထားတာဖြစ်လို့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပါနော်။
Money Heist (TV Series 2017-2021) | MediaFire | DropBox | Mega.nz | Telegram |
---|---|---|---|---|
Season (1) | Click Here (6.05 GB) | Click Here (6.05 GB) | Click Here (6.05 GB) | Click Here |
Season (2) | Click Here (4.15 GB) | Click Here (4.15 GB) | Click Here (4.15 GB) | Click Here |
Season (3) | Click Here (4.52 GB) | Click Here (4.52 GB) | Click Here (4.52 GB) | Click Here |
Season (4) | Click Here (4.04 GB) | Click Here (4.04 GB) | Click Here (4.04 GB) | Click Here |
Season (5) | Click Here (4.93 GB) | Click Here (4.93 GB) | Click Here (4.93 GB) | Click Here |