
ပြည်သူ့အချစ်တော် ဟာသမင်းသားကြီး Mr. Bean ဟာဆိုရင် တီဗီဖန်သားပြင်ထက်ကနေ အချိန်အတော်ကြာပျောက်နေရာကနေ Man Vs Bee ဆိုတဲ့ ဟာသဇာတ်လမ်းတွဲလေးနဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ ဒီကားမှာဆိုရင်တော့ အလုပ်လက်မဲ့ အိမ်ယာမဲ့အမျိုးသားကြီး ထရက်ဗာဟာ သူ့သမီးလေးကို အားလပ်ရက်ခရီးလိုက်ပို့ချင်တဲ့ မျှော်လင့်ချက်ကလေးနဲ့အတူ အလုပ်ရှာဖွေရင်း တန်ဖိုးကြီးအနုပညာပစ္စည်းတွေနဲ့ပြည့်နှက်နေတဲ့ အိမ်တစ်အိမ်ကို အိမ်စောင့်လုပ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ်။ သမီးလေးနဲ့အတူ ခရီးထွက်ချင်တဲ့မျှော်လင့်ချက်ကလေး ရောင်နီပြန်သမ်းလာတဲ့အချိန်မှာပဲ သူ့ဘဝထဲကို ပျားတစ်ကောင်ဝင်လာတဲ့အခါမှာတော့ အရာအားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်လည်း Mr. Bean ကားတွေရဲ့ ထုံးစံအတိုင်း စကားများများစားစားမပြောဘဲ အမူအရာတွေနဲ့တင် လူတစ်ယောက်နဲ့ ပျားတစ်ကောင်ရဲ့အလွဲတွေကို ဟာသမြောက်အောင် ရိုက်ကူတင်ဆက်ထားပါတယ်။ IMDB rating အနေနဲ့လည်း 7 အထိရရှိထားတာမို့ ဒီကားလေးကြည့်ရင်း စိတ်အပန်းဖြေရကျိုးနပ်မှာဖြစ်လို့ ကြည့်ရှုခံစားပေးကြပါဦးနော်…
Mav vs. Bee (2022) Zip file | Mega | Mediafire | Dropbox | Telegram |
---|---|---|---|---|
Click Here | Click Here | Click Here | Click Here |