
Love story in Harvard ဆိုတဲ့ drama လေးကတော့ 2005 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ drama လေးဖြစ်ပြီး Kim Raewon, Kin Taehee နဲ့ Lee Jung Jin တို့ အဓိကပါဝင်ထားတာပဲ ဖြစ်ပါတယ်။SBS channel ကနေ ထုတ်လွင့်ခဲ့ပြီးတော့ ကြည့်ရှုနှုန်း ၂၀% ကျော်တောင်ရရှိခဲ့တဲ့ drama ပဲဖြစ်ပါတယ်။ ဒီ drama လေး ကတော့ နိုင်ငံရပ်ခြား Harvard တက္ကသိုလ်မှာ ကျောင်းလာတတ်ကြတဲ့ လူငယ်လေးတွေရဲ့ အချစ်နဲ့ အိပ်မက်တွေအကြောင်းကို ပုံဖော်ပေးထားတဲ့ Drama လေးပဲ ဖြစ်ပါတယ်။ Harvad တက္ကသိုလ်ကို ဇာတ်အိမ်တည်ထားတာနဲ့ အညီ တကယ့် ဇာတ်လမ်းရဲ့ အစပိုင်း အပိုင်းတွေကို Harvad တက္ကသိုလ်မှာ သွားရောက် ရိုက်ကူး ထားတာပဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ တက်ကြွလန်းဆန်းပြီး အိပ်မက်တွေကို ဘယ်လိုအကောင်အထည် ဖော်ကြလဲဆိုတာကို romantic ဆန်ဆန် တွေ့မြင်နိုင်မှာပါ။ ဇာတ်လမ်းထဲမှာ kim Hyun Woo ဆိုတဲ့ ကောင်လေးကတော့ Harvard မှာ ကျောင်းလာတက်တဲ့ ပထမနှစ် law ကျောင်းသားတစ်ယောက် ဖြစ်ပြီး အမြဲတမ်း သူငယ်ချင်းဖြစ်တဲ့ Hong Jung Min နဲ့ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ Lee Soo in ဆိုတဲ့ ကောင်မလေးကတော့ Harvad ဆေးကျောင်းသူ တစ်ယောက်ဖြစ်ပြီး ကောင်လေးနှစ်ယောက် စလုံးရဲ့ အချစ်ခံရသူပါ။ ချမ်းသာတဲ့ကောင်လေးနှစ်ယောက်နဲ့ ဆင်းရဲတဲ့ကောင်မလေးတစ်ယောက် သူတို့ သူငယ်ချင်းသုံးယောက်ရဲ့ သူငယ်ချင်း သံယောဇဉ်တွေနဲ့ အချစ်၊ ပြဿနာတွေ၊ အိပ်မက်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။