Girl Next Room (Season 3): Richy Rich Comedy 80% Romance 20% ပါဝင်တဲ့ ဒီအချစ်ဟာသ ဇာတ်လမ်းတွဲလေးကတော့ သူဌေးသမီးဖြစ်တဲ့ Duchess က သူ့အိပ်မက်ဖြစ်တဲ့ လူချမ်းသာကလပ်ထဲ ဝင်ရဖို့ကို အသည်းသန်ဖြစ်နေပါတယ် အမှန်တကယ်တော့ သူဟာမွေးကတည်းက ငွေဇွန်းကိုက်မွေးဖွားလာတဲ့ သူဌေးသမီးလေးမဟုတ်ခဲ့ပါဘူး သူ ငယ်စဉ်တုန်းက သူ့မိသားစုက သူဌေးတစ်ယောက်ရဲ့ မြေကွက်လပ်လေးမှာ တွန်းလှည်းလေးနဲ့ ပဲနို့ရောင်းပြီး ဘဝစခဲ့ရတာပါ ဒီလိုနဲ့ တစ်နေ့မှာ သူတို့မိသားစုဟာ အကြောင်းတစ်ခုကြောင့် ချမ်းသာလာခဲ့ပြီး သူ့ရဲ့ နာမည် Danlek ကနေပြီးတော့မှ Duchess လို့ ပြောင်းလဲ ခေါ်တွင်ခဲ့ပါတယ် တက္ကသိုလ်တက်ရင်းနဲ့ သူတို့ကို ပဲနို့ပေးရောင်းခဲ့တဲ့ မြေကွက်ပိုင်ရှင်ရဲ့ မြေးတစ်ဖြစ်လည်း သူတစ်ဖက်သတ်ကြိတ်ချစ်ရတဲ့ အစ်ကိုကြီးဖြစ်တဲ့ Khunkhaoနဲ့ ပြန်ဆုံတွေ့ခဲ့ပါတယ် ဒီလိုပြန်ဆုံတွေ့တဲ့အခါမှာ သူ့နောက်ကြောင်းကို မသိစေချင်ပေမဲ့လည်း သူငယ်စဉ်က နာမည်ရင်းကို သိနေတဲ့ Karathingဆိုတဲ့ အစ်ကိုကြီးတစ်ယောက်ကလည်း သူ့ရဲ့ လျှို့ဝှက်ချက်ကို မပေါ်စေချင်ရင် သူခိုင်းတာလုပ် သူလိုချင်တာဝယ်ပေးဆိုတဲ့ သဘောနဲ့ Duchess ကို အနိုင်ကျင့်ခဲ့ပါတယ် Duchess လူချမ်းသာကလပ်ထဲ ဝင်ရဖို့ ကြိုးစားနေစဉ်မှာလည်း Honey ဆိုတဲ့ ပြိုင်ဘက်နဲ့အတူ အကြိတ်နယ်ယှဉ်ပြိုင်ခဲ့ရပြီး Duchess တစ်ယောက် သူ့လျှို့ဝှက်ချက်တွေမပေါ်အောင်ပဲ ဖုံးထားနိုင်မလား သူ့ရည်မှန်းချက် အိပ်မက်ဖြစ်တဲ့ လူချမ်းသာကလပ်ထဲကိုပဲ ဝင်နိုင်မလားဆိုတာကိုတော့ ဒီစီးရီလေးထဲမှာ ကြည့်ရှုနိုင်ပါတယ်နော် သရုပ်ဆောင် ၂ယောက်ကလည်း အတွဲညီညီနဲ့ သရုပ်ဆောင်နိုင်တာမလို့ ကြည့်ရကျိုး နပ်စေမှာပါ Duchess အဖြစ် WjMild Khunkhao အဖြစ် Mek Jirakit Karathing အဖြစ် Off Jumpol Honey အဖြစ် Apple တို့က သရုပ်ဆောင်ထားပါတယ်