
Girl Next Room Series – Motorbike Baby(Season 1) Girl Next Room series တွေက Jamjanလို့ခေါ်တဲ့ မိန်းကလေး အဆောင်မှာနေတဲ့ မိန်းကလေး ၄ ယောက် ရဲ့ ချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာပါ Sudaee ဆိုတဲ့ တက္ကသိုလ်ပထမနှစ် ကျောင်းသူလေးဟာ မီးနဲ့မချက်ထားတဲ့ အစားစာတွေ ပုပ်သိုး ကာကွယ်ဆေးပါတဲ့ စားစရာတွေကို ဘယ်လိုမှ မစားတဲ့အထိ ဇီဇာကြောင်ပါတယ် တက္ကသိုလ်ပထမနှစ်တက်ရင်း တစ်ရက်မှာ အမှတ်မထင် သူ့အထက်တန်း ကျောင်းတက်တုန်းက ဆိုင်ကယ်တက္ကစီဆွဲတဲ့ ရည်းစားဟောင်း (Tankhun)နဲ့ ပြန်ဆုံတွေ့ပြီး ဒီရည်းစားဟောင်းကလည်း သူ့နောက် လိုက်ကပ်သလို ပထမနှစ် အလွတ်တန်းအဆိုတော် ကောင်လေး (Mile) ကလည်း သူ့ကို ပိုးပန်းတဲ့ အခါ ဒီ ၂ ယောက်ကြား Sundae ဘယ်သူ့ကို ရွေးမလဲ ကိုယ့်အကြောင်းကို အူမချေးခါးမကျန် သိပေမဲ့ နာကျင်စေခဲ့တဲ့ Tankhun ကိုလား ကိုယ့်အကြောင်းကို သိပ်မသိပေမဲ့ အရာရာကို ဂရုစိုက်ပေးမဲ့ Mileကိုလား Tankhun ကရော Sundae ကို ဘယ်လို နာကျင်စေခဲ့တာလဲ ဘာလို့ ပြတ်သွားခဲ့ရတာလဲဆိုတာ ဒီစီးရီးလေးထဲမှာ ခံစားကြည့်ရှုရမှာပါ Sundae အဖြစ် Mook Worranit Tankhun အဖြစ် Toy Pathompong Reonchaidee Mile အဖြစ် Fluke Gawin Caskey တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်