
၂၀၁၈ မှာ ထွက်ရှိခဲ့တဲ့ Girl from nowhere Season 1 မှာဆိုရင်တော့ နာနိုလို့ ခေါ်တဲ့ Immortal ထူးဆန်းထွေလာ ကောင်မလေးတစ်ယောက်ဟာ ထိုင်းနိုင်ငံက ကျောင်းတွေကို တစ်ကျောင်းပြီးတစ်ကျောင်း ပြောင်းရွှေ့နေတာကို တွေ့ကြရမှာပါ။ တစ်ပိုင်းစီတိုင်းမှာ စည်းကမ်းဖောက်ဖျက်နေကြတဲ့ ကျောင်းသားတွေ၊ ဆရာတွေကို နာနိုက နည်းမျိုးစုံနဲ့ ဖော်ထုတ် သင်ခန်းစာ ပေးသွားမှာဖြစ်ပါတယ်။ သင်ခန်းစာတွေကတော့ ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေအလိုက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ရမှု တွေကနေ နောက်ဆုံး အသက်သေဆုံးရသည်အထိ ပါဝင်ပါတယ်။ အပိုင်းပေါင်း ၁၃ ပိုင်းနဲ့ ရသမျိုးစုံပေးသွားပြီး အဆုံးသတ်မှာ နောက် Season အတွက် အရိပ်အမြွက်တွေချန်ထားခဲ့ပါတယ်။ ၂၀၂၁ မှာတော့ Season 2 ဟာ မူလပုံစံအပြင် ဂိမ်းပုံစံကိုပါ စိတ်ဝင်စားဖွယ်ရာ ပြောင်းလဲဖြည့်စွက်ထားပါတယ်။ ဒီတစ်ခါမှာတော့ နာနိုတစ်ယောက်တည်း မဟုတ်တော့ဘဲ ပြတ်ပြတ်သားသား လက်စားချေတတ်တဲ့ ယူရီဆိုတဲ့ ကောင်မလေးပါ ထပ်တိုးပါဝင်လာခဲ့ပါတယ်။ နာနိုက အပြစ်ကျူးလွန်ထားသူတွေကို နောင်တတွေနဲ့ ပြန်သုံးသပ်နိုင်ဖို့ အခွင့်အရေးပေးတတ်ပေမယ့် ယူရီကတော့ အသေရှင်းထုတ်လိုက်တာမျိုးကို ပိုအားသန်ပါတယ်။ နှစ်ဖက်စလုံးရဲ့ အချေအတင် အခြေအနေကို Season တစ်ခုလုံးမှာ စိတ်ဝင်စားဖွယ်ရာကြည့်ရှူသွားရမှာဖြစ်ပြီး ၁၃ ပိုင်းအစား ၈ ပိုင်းပဲ ပါရှိသွားမှာပါ။ Season 1 ရဲ့ ဝက်ဝက်ကွဲ အောင်မြင်မှုအရှိန်ကြောင့် Season 2 ကကော ခြေရာအမီနင်းနိုင်ပါ့မလားဆိုတာ သံသယတွေနဲ့အတူ အခက်အခဲတွေကို ကျော်လွှားပြီး ထွက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။