
လူကြိုက်များနေတဲ့ Netflix series အသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Emily in Paris ဆိုတဲ့ comedy – drama Series အသစ်လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုသူတိုင်းကိုစိတ်ကြည်နူးစရာကောင်းစေမှာပါ။ အကြောင်းရင်းတွေကတော့ မင်းသမီးလည်းချောပါတယ်။ မင်းသားလည်းချောပါတယ်။ ဖက်ရှင်တွေလည်း မိုက်ပါတယ်။ ပဲရစ်မြို့ကြီးကလည်း လှပါတယ်။ ပြင်သစ်စကားမပြောတတ်တဲ့ အမ်မလီတစ်ယောက် ပဲရစ်မြို့ကိုအလုပ်ကိစ္စနဲ့ရောက်လာပါတယ်။ ရည်းစား ကောင်လေးကိုလည်း ချီကာဂိုမှာ ထားခဲ့ရပါ သေးတယ်။ ဒါပေမယ့် သွက်သွက်လက်လက်နဲ့ အလုပ်ကြိုးစားတဲ့ ပဲရစ်မြို့ကအမ်မလီတစ်ယောက် အလုပ်ရော အဆင်ပြေပါ့မလား? ပြင်သစ်လူမျိုးတွေနဲ့ရော အဆင်ပြေပါ့မလား? LDRS နဲ့ရော အဆင်ပြေပါ့မလား ဆိုတာကို စောင့်မျှော်ကြည့်ရှုပေးကြပါဦး