
“Do Do Sol Sol La La Sol” ဆိုတဲ့ အချစ်ဟာသ ဇာတ်ကားလေးကတော့ လောကဓံရဲ့ အလှည့်အပြောင်းကြောင့် ရွှေမှုန်စား သူဌေးသမီးလေး အဖြစ်ကနေ ချက်ချင်းလက်ငင်းကို ဆင်းရဲသွားရတဲ့ အထည်ကြီးပျက် မိန်းကလေးနဲ့ အပြင်ပန်းက မာကြောပေမဲ့ အတွင်းစိတ်က နူးညံ့နွေးထွေးတဲ့ ကောင်လေးတို့၂ဦးတို့ရဲ့ ချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားခြင်းဖြစ်ပါတယ် Goo Ra Ra ဆိုတဲ့ စန္ဒယားပညာရှင် သူဌေးသမီးလေးဟာ မရင့်ကျက်ပဲ တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတစ်ယောက် တစ်နေ့ သူ့ မင်္ဂလာဆောင်မှာ ဖခင်ဖြစ်သူရုတ်တရက် ကွယ်လွန်သွားချိန်မှာ ကုမ္ပဏီက အကြွေးတွေနဲ့ ဝိုင်းနေခဲ့ရလို့ အကြွေးရှင်တွေကို တိမ်းရှောင်ဖို့ ကျေးလက်ဒေသတစ်နေရာမှာ နေထိုင်ဖြစ်ခဲ့ပါတယ် Sun Woo Joon ဟာ တစ်ဖက်သား အမြင်ကို ဂရုမစိုက်တတ်ပေမဲ့ အတွင်းစိတ်ထားကတော့ နူးညံ့ကြင်နာတတ်ပါတယ် လွတ်လွတ်လပ်လပ် နေတတ်ပြီး အိပ်မက် ပန်းတိုင်ရယ်လို့လည်း ရေရေရာရာ မရှိတဲ့ သူတစ်ယောက်ပေါ့ အချိန်ပိုင်း အလုပ်တွေလည်း အများကြီးရှိပြီး ပေပေတေတေ နေတတ်တဲ့သူ တစ်နေ့ ကျေးလက်ဒေသမှာရှိတဲ့ ဂီတကျောင်းလေးတစ်ကျောင်းဖြစ်တဲ့ LaLa Land မှာ သူတို့ ၂ယောက် တွေ့ဆုံတဲ့ အခါမှာတော့ ဘယ်လို ဇာတ်လမ်းလေးတွေ ဆက်ဖြစ်လာမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် သရုပ်ဆောင်တွေအဖြစ် Black မင်းသမီးလို့ လူသိများလောက်မဲ့ မျက်ဝန်းညိုပိုင်ရှင် Go Ah Ra က Goo Ra Ra နေရာမှာ သရုပ်ဆောင်ထားပြီး ExtraOrdinary You ထဲက ဒုတိယမင်းသား Lee Jae Wook က Sun Woo Joon အဖြစ် သရုပ်ဆောင်ပေးထားပါတယ်…
The legend of the blue sea နဲ့ Goblin ကို ဖိုင်ဆိုဒ်အေသးနဲ့ ကြည်ကြည်လေးကြည့်လို့ရအောင် တင်ပေးပါ