
ဒီကားလေးကတော့ အပန်းဖြေဖို့သက်သက်ပဲကြည့်တယ်ဆိုရင်တောင် ကြည့်လိုက်ရတဲ့အချိန်တွေက လုံးဝအလဟဿဖြစ်သွားမှာ မဟုတ် ပါဘူး။ အပိုင်းတစ်ပိုင်းချင်းစီတိုင်းမှာ အနှစ်သာရတွေ အများကြီးပါဝင်ပြီး ကိုယ့်ဘဝအတွက် စိတ်ဓာတ်ခွန်အားတွေပါ ဖြစ်စေနိုင်တဲ့ နာမည်ကြီး ဂျပန် animation ကောင်းလေးပါ။ တစ်ပိုင်းနဲ့တစ်ပိုင်း မရိုးနိုင်အောင် ဆွဲဆောင်သွားနိုင်တဲ့ဇာတ်အိမ်မျိုးနဲ့ ရသစုံလင်အောင် ပေးစွမ်းထားပါ တယ်။ အညွှန်းကတော့ မောင်နှမတွေများတဲ့မိသားစုတစ်စုမှာ ‘တန်ဂျိရို’လို အမည်ရတဲ့ ကောင်လေးဟာ အကြီးဆုံးသားတစ်ယောက်ပါ။ သူက မိသားစုစီးပွားရေးကို ကူညီပံ့ပိုးပေးနေတဲ့အပြင် သက်ရှိတိုင်းအပေါ်မေတ္တာထားတတ်ပြီး ရိုးသားကြိုးစားတဲ့ လူကောင်းလေးလည်း ဖြစ်ပါ တယ်။ အဲ့လို လူကောင်းလေးတန်ဂျိရို ဆီမှာမှ မထင်မှတ်ထားတဲ့ အဖြစ်အပျက် ဆိုးကြီးတစ်ခုစဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ တန်ဂျိရို အိမ်မှာ မရှိတုန်း သူ့ရဲ့မိသားစုဝင်တွေဟာ မကောင်းဆိုးဝါး သတ်ဖြတ်တာကိုခံလိုက်ရပြီးသေဆုံးသွားကြပါတယ်။ အသက်ငွေ့ငွေ့လေး ကျန်ရှိနေသေးတဲ့ တစ်ဦးတည်းသော ရှင်သန်သူ ညီမလေး ‘နဲဇုကို’ ဟာလည်း မကောင်းဆိုးဝါးအသွင်ပြောင်းသွားခဲ့ပါတယ်။ သာယာနေတဲ့ တန်ဂျိရိုဘဝလေးဟာ နေ့ချင်း ညချင်း ကြောက်စရာကောင်းအောင် ပြောင်းလဲသွားပြီးတဲ့အခါမှာတော့ သူ့ဘဝကြီးဟာ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းသွားမှာလဲ ဆိုတာ၊ မကောင်းဆိုးဝါးဖြစ်သွားတဲ့ညီမဖြစ်သူကို လူသားပြန်ဖြစ်အောင် ကုသပေးချင်တဲ့ အကြီးဆုံးအစ်ကိုတစ်ယောက်ရဲ့ မေတ္တာတရား ကြီးမားမှုတွေဟာ ဘယ်လောက်ထိ အတိုင်းအဆမရှိလဲဆိုတာ၊ သတ်ဖြတ်သွားတဲ့ မကောင်းဆိုးဝါးကို သုတ်သင်ဖိုနဲ့ နောက်ထပ်နစ်နာသူတွေ မရှိရအောင် တန်ဂျိရိုဟာ မကောင်းဆိုးဝါးနှိမ်နင်းရေးအဖွဲထဲ ခဲရာခဲဆစ်ဝင်ပြီး ဘယ်လောက်ထိ ရေကုန်ရေခမ်းကြိုးစားမှာလဲဆိုတာ၊ လူသား စားတဲ့ မကောင်းဆိုးဝါးတွေရဲ့ အကြင်နာတရား ကင်းမဲ့တဲ့သတ်ဖြတ်မှုတွေကို တန်ဂျိရိုတစ်ယောက် ဘယ်လိုမျိုးကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ တွေကိုတော့ IMDb Rating 8.8 အထိ ရရှိထားတဲ့ ဒီနာမည်ကြီးကားကောင်းလေးကို လက်မလွှတ်တမ်းကြည့်ရှူလိုက်ဖို့ပဲ ပြောချင်ပါတယ်
Season 2 ကိုကြည့်ချင်ရင် = Click Here
Series collection | Mega | Mediafire | Dropbox | Telegram | Website Page Link |
---|---|---|---|---|---|
S1: Kimetsu no Yaiba | Click Here | Click Here | Click Here | Click Here | Click Here |
S2: Movie Mugen Train | Click Here | Click Here | Click Here | Click Here | Click Here |
S3: Entertainment District Arc | Click Here | Click Here | Click Here | Click Here | Click Here |