
မြောက်ပိုင်းဗိုလ်ကြီးဇာတ်ကားလို့ပြောလိုက်ရင် မသိတဲ့သူမရှိသလောက်ဖြစ်အောင်ကိုနာမည်ကြီးခဲ့တဲ့ဒီဇာတ်ကားကတော့ ၂၀၁၉ ဒီဇင်ဘာမှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ၂၀၂၀ အစပိုင်းရဲ့နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုလို့ပြောရင်လည်းမမှားလောက်ပါဘူး ဒီဇာတ်လမ်းတွဲလေးကိုတော့ ဒါရိုက်တာ Lee Jung Hyo ကရိုက်ကူးထားတာဖြစ်ပြီး rating ၈.၇/၁၀ အထိရခဲ့တဲ့ ဇာတ်လမ်းတွဲ ကောင်းလေးတစ်ခုဖြစ်ပါတယ် တောင်ကိုရီးယားနိုင်ငံကနာမည်ကြီးလုပ်ငန်းစုတစ်ခုရဲ့အမွေဆက်ခံသူ သူဌေးသမီးလေး ယွန်းဆယ်ရီက တစ်နေ့မှာလေထီးခုန်ရင်း မြောက်ပိုင်းကိုမထင်မှတ်ဘဲကျသွားခဲ့ပါတယ် ကံကောင်းထောက်မပြီး မြောက်ကိုရီးယား နိုင်ငံစစ်တပ်မိသားစုရဲ့သားဖြစ်တဲ့ ဗိုလ်ကြီး ရီဂျောင်းယော့နဲ့တွေ့ဆုံခဲ့ချိန်မှာတော့ ယွန်းဆယ်ရီကိုမိမိအိမ်မှာပဲဖွက်ထားပေးခဲ့ပြီး တောင်ပိုင်းကိုပြန်လို့ရအောင်နည်းလမ်းမျိုးစုံ သုံးပေး ခဲ့ပါတယ် ဒါပေမယ့်လည်း အဆင်မပြေဘဲအခေါက်တိုင်းရှုံးနိမ့်နေတဲ့အခါ နောက်ပိုင်းမှာဘယ်လိုဆက်ဖြစ်သွားမှာလဲ ယွန်းဆယ်ရီရော အန္တရာယ်ကင်းကင်းနဲ့ပြန်ခွင့်ရပါ့မလား အနေနီးပြီးသံယောဇဉ် တွယ်ခဲ့တဲ့ ရီဂျောင်းယော့နဲ့ယွန်းဆယ်ရီကရော နှစ်နိုင်ငံရဲ့အခြေအနေတွေ ကြားမှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေက နီးစပ်အောင် ဖန်တီးပေးမှာလား ဘယ်လိုရှေ့ဆက်ဖြစ်မှာလဲဆိုတာတွေကို စိတ်ဝင်တစား ကြည်ကြည်နူးနူး ဟာသ အက်ရှင် ရသအစုံ ခံစားပြီး ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုဖြစ်ပါတယ်