
IMDb rating 9.10 အထိတောင်ရရှိထားတဲ့ အကောင်းဆုံးတွေထဲက အကောင်းဆုံး animation တစ်ပုဒ်နဲ့မိတ်ဆက်ပေးပါမယ်။ AOT ဆိုတဲ့ နာမည်နဲ့ anime ကြည့်နေကျလူငယ်တွေကြားမှာရော၊ ကြည့်လေ့ကြည့်ထသိပ်မရှိတဲ့လူငယ်တွေကြားမှာပါ ဒိတ်ဒိတ်ကြဲအောင်မြင်ပြီး နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။
အညွှန်း~
လူသားစားလူ့ဘီလူးကြီးတွေ ပေါများတဲ့ကမ္ဘာကြီးမှာ လူသားမျိုးနွယ်တွေကလည်း အသက်ရှင်နေထိုင်နေရပါတယ်။ လူသားကိုသာ ရွေးချယ် စားသုံးတဲ့လူ့ဘီလူးတွေရဲ့ကမ္ဘာမှာ အသက်ရှင်နေရတဲ့လူသားတွေအနေနဲ့ လူ့ဘီလူးကြီးတွေရန်ကနေ ရှောင်ရှားဖို့ အလွန်မြင့်မားတဲ့နံရံကြီးသုံးခု တည်ဆောက်ပြီး ထိုနံရံကြီးတွေထဲမှာသာ လူသားတွေ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် နံရံတွင်းထဲမှာပဲ လှောင်ပိတ်ခံပြီးနေရတဲ့ ‘အဲရမ်’လို့ အမည်ရတဲ့ကောင်လေးကတော့ အဲဒီလိုဘဝကျဥ်းကျဥ်းလေးထဲကနေ ရုန်းထွက်ချင်နေပြီး တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသေးတဲ့ နံရံတွေရဲ့ အပြင်ကို ထွက်ကြည့်ချင်နေပါတယ်။ တစ်နေ့မှာတော့ သာမန်လူ့ဘီလူးတွေ လုံးဝမဖျက်ဆီးနိုင်တဲ့ ကြီးမားခိုင်ခံ့လွန်းတဲ့နံရံကြီးကို ဖျက်ဆီး ပစ်နိုင်တဲ့လူ့ဘီလူးကြီးဟာ ရုတ်တရက်ပေါ်ထွက်လာတဲ့နောက်မှာတော့ လူသားတွေရဲ့အနာဂတ်ဟာ ဘယ်လိုတွေဆက်ဖြစ်သွားတော့မှာလဲ ဆိုတာ၊ နံရံအပြင်ကိုထွက်ကြည့်ချင်နေတဲ့ အဲရမ်လေးရဲ့ဘဝကရော ဘယ်လိုတွေကမောက်ကမဖြစ်ကုန်မှာလဲဆိုတာ၊ လူသားစားတဲ့ လူ့ဘီလူးကြီးတွေလက်ထဲက လွတ်မြောက်ဖို့ လူသားတွေဘယ်လိုမျိုးရုန်းထွက်ကြမလဲဆိုတာနဲ့ လူ့ဘီလူးတွေရဲ့တကယ့်သရုပ်မှန်ကရော ဘာများဖြစ်နေမလဲဆိုတာ စတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်အိမ်မျိုးကို ရင်တထိတ်ထိတ်နဲ့ ရသစုံအောင် ကြည့်ရှူခံစားရမယ့် အကောင်းဆုံး animation တစ်ကားပဲဖြစ်ပါတယ်။
AOT Series Collection | MediaFire | DropBox | Mega.nz | Telegram |
---|---|---|---|---|
Season (1) | Click Here | Click Here | Click Here | Click Here |
Season (2) | Click Here | Click Here | Click Here | Click Here |
Season (3) | Click Here | Click Here | Click Here | Click Here |
Season (4) | Click Here | Click Here | Click Here | Click Here |
Season (5) | Not Available… | Not Available… | Not Available… | Not Available… |