
ဒီတစ်ခေါက်မှာတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကမှထွက်ရှိထားတဲ့ Netflix series တစ်ခုဖြစ်တဲ့ Arcane ဆိုတဲ့ animation ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ PC game တစ်ခုဖြစ်တဲ့ League Of legendsကနေ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိလာတဲ့ကားလေးပါ ဒီကားလေးမှာတော့ Vi နဲ့ Jinx တို့ညီအစ်မနှစ်ဦးကို အဓိကဇာတ်ဆောင်အနေနဲ့ ဖန်တီးထားပါတယ် ဇာတ်လမ်းလေးကတော့ ဗိုင်နဲ့ပေါင်ဒါ တို့ဟာ အငယ်လေးကတည်းက တိုက်ပွဲမှာ မိဘတွေကိုဆုံးရှုံးလိုက်ရပြီး မြေအောက်မြို့တော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗန်ဒါကသူတို့ကို စောင့်ရှောက်ပေးထားခဲ့တာပါ မြေအောက်မြို့တော်ကလူတွေဟာ အထက်မြို့တော်ဖြစ်တဲ့ ပစ်အိုဗာမြို့ကိုသွားခွင့်မပြုဘူးလို့ နှစ်ဖက်လုံးက သဘောတူထားကြတာပါ တစ်နေ့မှာတော့ ဗိုင်တို့ညီအစ်မနှစ်ယောက်ရယ် ကလက်ဂါနဲ့မိုင်လိုတို့လေးယောက်ဟာ အထက်မြို့တော်ရဲ့နေအိမ် တစ်ခုကို ဖောက်ထွင်းခဲ့ပါတယ် ဒါပေမဲ့ ရဲတွေလိုက်တာခံရပြီး မြေအောက်မြို့တော်ကိုပြန်ရောက်လာခဲ့ပါတယ် နောက်တစ်နေ့မှာတော့ အထက်မြို့တော်ကရဲတွေလာပြီး ဗန်ဒါကို တရားခံကိုသူတို့လက်ထဲလွဲပေးဖို့ ပြောခဲ့ပါတယ် ဗန်ဒါကတော့ ဗိုင်တို့မှန်းသိတဲ့အတွက် မလွဲပေးပဲ သူပဲအဖမ်းခံဖို့လုပ်ခဲ့ပါတယ် အဲဒီအချိန်မှာ အရင်ကဗန်ဒါရေနှစ်ပြီးသတ်ဖို့လုပ်မိခဲ့တဲ့ သူ့ရဲ့ညီ စီလ်ကိုက မသေဘဲပြန်ပေါ်လာခဲ့ပါတယ် ဗန်ဒါကို သူပုန်းခဲ့တဲ့စက်ရုံဟောင်းဆီဖမ်းခေါ်သွားပါတော့တယ် ဗိုင်က အဲဒါကိုတွေ့လိုက်ပြီး ဗန်ဒါကိုပြန်ကယ်ဖို့ မိုင်လိုနဲ့ကလက်ဂါကို ခေါ်သွားပါတယ် ပေါင်ဒါကိုတော့နေခဲ့ဖို့ပြောခဲ့ပါတယ် ပေါင်ဒါက သူလုပ်လိုက်တဲ့ကိစ္စတိုင်းဟာတစ်ခုခုအမြဲလွဲနေတတ်တဲ့အတွက် ဂျင့်စ် (ကံဆိုးမ)လို့ အခေါ်ခံ နေရတာကို အားမရပါဘူး အဲဒါကြောင့်သူဟာ ဗန်ဒါကိုကယ်ဖို့ဆိုပြီးဗိုင်တို့ နောက်ကို တစ်ယောက်တည်း လိုက်လာ ခဲ့ပါတယ် စက်ရုံဆီ ရောက်တဲ့အခါ ဗိုင်တို့ဗန်ဒါကိုခေါ်ပြီးထွက်သွားလို့ရမယ့်အချိန်မှာ ပေါင်ဒါရောက်လာပြီး ကူဖို့လုပ်ခဲ့ပေမယ့် လွဲချော်သွားပြီး စက်ရုံလည်း ပေါက်ကွဲ ဗန်ဒါနဲ့ မိုင်လိုတို့လည်းသေသွားခဲ့ရပါတယ် အဲဒါကပေါင်ဒါကြောင့်ဆိုတာ ဗိုင်သိလိုက်တဲ့အချိန်မှာတော့ အရမ်းဒေါသထွက်မိပြီး ပေါင်ဒါကို ထားပြီးထွက်သွားခဲ့မိပါတယ် ပေါင်ဒါတောင်းပန်သံကြားပြီး ပြန်ခေါ်ဖို့သွားတဲ့အခါမှာတော့ ရဲတစ်ယောက်ရဲ့ဖမ်းဆီးတာခံရပြီး သတိလစ်သွားပါတယ် ငိုနေတဲ့ပေါင်ဒါကိုတော့ စီလ်ကိုကတွေ့ပြီး ခေါ်သွားပါတော့တယ် နှစ်တွေကြာတဲ့အခါမှာတော့ပစ်အိုဗာမြို့ဟာ သိပ္ပံ ပညာရှင်တွေပေါများတဲ့မြို့ဖြစ်တဲ့အလျောက် သိပ္ပံပညာရှင်ပေါက်စလေးနှစ်ယောက်ဖြစ်တဲ့ဂျေ့စ်တားလစ်စ်နဲ့ ဗစ်တာတို့နှစ်ယောက် တီထွင် ထားတဲ့ ဟက်စ်တက်ခ်ျနည်းပညာကြောင့် တိုးတက်နေတဲ့မြို့တစ်မြို့ဖြစ်လာပါတယ် လူတိုင်းကလည်းဟက်စ်တက်ချနည်းပညာကို စိတ်ဝင်စား နေကြတာပါ စီလ်ကိုကလည်း လူကိုအန္တရာယ်ဖြစ်စေတဲ့ဆေးရည်တွေထုတ်လုပ်ပြီး မြေအောက်မြို့တော်ကို အင်အားကြီးအောင် နည်းအမျိုးမျိုး နဲ့လုပ်နေခဲ့တာပါ ဗိုင်ဟာလည်း ထောင်ထဲမှာနှစ်တွေကြာနေခဲ့ရပြီး တစ်နေ့မှာတော့ ရဲအရာရှိမလေး ကေ့ထ်လင်းကဗိုင်ဆီလာပြီး စီလ်ကို အကြောင်းလာစုံစမ်းပါတယ် ဗိုင့်ကိုလွှတ်ပေးပြီးဗိုင်နဲ့အတူစီလ်ကိုအကြောင်း စုံစမ်းရဖို့မြေအောက်မြို့တော်ကို လိုက်ခဲ့ပါတယ် ဗိုင်ကတော့ စီလ်ကိုကိုလက်စားချေချင်ပြီး သူ့ညီမပေါင်ဒါကိုလိုက်ရှာချင်နေတာပါ ပေါင်ဒါနဲ့ပြန်တွေ့ခဲ့ပေမယ့် ပေါင်ဒါကအရင်လိုမဟုတ်တော့ပဲ စီလ်ကိုရဲ့လူ ဂျင့်စ်ဆိုတဲ့လူဆိုးမလေးဖြစ်နေခဲ့ပါတယ် ဂျင့်စ်ကရော အရင်ကပေါင်ဒါလိုပြန်ဖြစ်နိုင်မလား? အကျိုးများသလို အန္တရာယ်လည်း များတဲ့ ဟက်စ်တက်ခ်ျနည်းပညာရော ဘာတွေဆက်ဖြစ်မှာလဲ?မြေအောက်မြို့တော်ကရော စီလ်ကိုရဲ့ယုတ်မာမှုအောက်က လွတ်နိုင်ပါ့မလား ဆိုတာ တော့ ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ပါ ဒီကားက season 1 ပါ IMDb rating ကလည်း 9.2/10 ထိရရှိထားတဲ့အတွက် animation ကားချစ်သူတွေမလွတ်တမ်းကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကားပါ
AOT Series Collection | MediaFire | DropBox | Mega.nz | Telegram |
---|---|---|---|---|
Season (1) | Click Here | Click Here | Click Here | Click Here |
Season (2) | Not Available…. | Not Available…. | Not Available…. | Not Available…. |
make low mob and I need some choice