
All of us are dead ဆိုတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲလေးက ယခု season 1 မှာ အပိုင်း ၁၂ ပိုင်းပါဝင်ပြီး လတ်တလောကမှ အသစ်ထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဇွန်ဘီကမ္ဘာပျက်ကိန်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးဟာ IMDb 7.6 အထိရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲလေးထဲမှာ ဗိုင်းရပ်စ်ပိုးတစ်မျိုး ပျံ့နှံ့ရာမှ ရောဂါကူးစက်ခံရသူမှာ ဇွန်ဘီကဲ့သို့ ပြောင်းလဲသွားပြီး ဟျိုဆန်းမြိုအနှံ့ ဝရုန်းသုန်းကားဖြစ်သွားပုံနှင့် ဟျိုဆန်းအထက်တန်းကျောင်းမှ ကျောင်းသားတစ်စုသည် ဇွန်ဘီဘေးမှ လွတ်ရန် ကြိုးစား ထွက်ပြေးပုံတို့ကို စိတ်ဝင်စားဖွယ် ရိုက်ကူးပုံဖော်ထားပါတယ်။ ဗိုင်းရပ်စ်ပိုးက ဘယ်ကစဖြစ်ပေါ်လာတာလဲ၊ ဘယ်လိုအဆုံးသတ်နိုင်မလဲ၊ အသက်ဘေးကနေ လွတ်အောင်ထွက်ပြေးနေရတဲ့ ကျောင်းသားတစ်သိုက်ကရော ဘယ်လိုဘေးအန္တရာယ်တွေနဲ့ ကြုံရမလဲ၊ ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုနိုင်မှာဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်တို့ လက်မလွှတ်သင့်တဲ့ ဒီဇာတ်လမ်းတွဲလေး တစ်ခုဖြစ်ပါတယ်နော်။
Movie Name | Mega | Mediafire | Dropbox | Telegram |
---|---|---|---|---|
All of us are dead (2022) Season -1 | Click Here | Click Here | Click Here | Click Here |
good