ဆယ်လီနာဟာ ၁၉၇၁ ဧပြီ ၁၆ မှာ အမေရိကန် တက္ကဆက် လိတ်ဂျက်ဆန်မှာ မွေးဖွားခဲ့ပြီး ၁၉၉၅ မတ်လ ၃၁ ရက်နေ့ အသက် ၂၃ နှစ်မှာ တက္ကဆက်ကာပတ်ခရစ်စတီမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သူ့ကို တာဟာနို ဂီတရဲ့ ဘုရင်မ.. တာဟာနို မက်ဒေါနားလို့လည်း ခေါ်ကြပါ တယ်။ သူဟာ အမေရိကန် အဆိုတော်၊ သီချင်းရေးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ မော်ဒယ်၊ မင်းသမီး၊ ဖက်ရှင်ဒီဇိုင်နာ စသဖြင့် လုပ်ကိုင် ခဲ့ပါတယ်။ သူ့ကို ပစ်သတ်ခဲ့တဲ့ သူ့ရဲ့ ဆယ်လီနာ ဖက်ရှင်စတိုးဆိုင်တွေရဲ့ မန်နေဂျာဟောင်း ရိုလန်နာ ဆဲဒစ်ဗာဟာဆိုရင် လူသတ်မှုနဲ့ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ၂၀၂၅ မတ်လ ၃၀ ရက်နေ့မှ လျှောက်ထားလို့ရမှာပါ။ ဆယ်လီနာဆုံးပြီး ၂ ပတ်ကြာပြီးတဲ့နောက်မှာတော့ တက္ကဆက် မြို့တော်ဝန်က ဧပြီ ၁၆ ကို တက္ကဆက်ရဲ့ ဆယ်လီနာ နေ့ရက်အဖြစ် ကြေညာခဲ့ပါ တယ်။ ဆယ်လီနာ ဆုံးသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အဖေ အေဘရာဟမ်ဟာ သူ့ရဲ့ အသံသွင်းတဲ့ ကုမ္ပဏီနဲ့ပဲ သီချင်းတွေ ရုပ်ရှင်တွေ ရိုက်ရင်း ဆယ်လီနာနဲ့ ပတ်သက်တဲ့ တီဗွီရှိုးတွေ၊ အယ်လ်ဘမ်တွေ၊ မှတ်တမ်းရုပ်ရှင်တွေ၊ တခြား ထုတ်လုပ်မှုတွေမှာ ပါဝင်လုပ်ဆောင်နေခဲ့ပါတယ်။ သူ့ရဲ့ ယောက်ျား ဖြစ်သူ ခရစ်ကတော့ သူသေပြီးနောက်မှာ မစားနိုင် မသောက်နိုင်နဲ့ ယူကျုံးမရဖြစ်ပြီး ဆေးနဲ့အရက် စွဲတဲ့အထိတောင် ဖြစ်သွားပါသေးတယ်။ ၁၉၉၆ ခုနှစ် မှာတော့ ခရစ်ဟာ ကာပတ်ခရစ်စတီအိမ်ကနေ ဆန်အန်တိုနီယိုက သူ့အဖေအိမ်ကို ပြန်သွားခဲ့ပါတယ်။ ဗန်နီဆာဆိုတဲ့ မိန်းကလေးနဲ့ ၁၉၉၈ ခုနှစ်မှာ အတွဲဖြစ်ခဲ့ပြီးတော့ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ၂၀၀၈ ခုနှစ် မှာ ကွာရှင်းခဲ့ပါတယ်။ ခရစ်ဟာ ၁၉၉၈ ခုနှစ်မှာပဲ သီချင်းတွေ ပြန်ရေး တီးဝိုင်းပြန်ထောင်နဲ့ သူ့ယောက်ဖ အေဘီရဲ့ အဖွဲ့နဲ့ လက်တွဲပြီး သူ့ရဲ့ အယ်လ်ဘမ်ဟာလည်း ဂရမ်မီဆု ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မှာတော့ ခရစ်ဟာ “To Selena, with Love.” ဆိုတဲ့ စာအုပ် တောင် ရေးသားခဲ့ပါသေးတယ်။ ဆယ်လီနာ ပရိသတ်တွေအတွက် ဆယ်လီနာရဲ့ ဝက်ဆိုက်ကို ဒီမှာ ပေးထားပါတယ်။ အဲ့မှာ ဆယ်လီနာနဲ့ ပတ်သက်တဲ့ ပစ္စည်းပစ္စယ အစုံတင်ထားတာ တွေ့ရပါတယ်။
သီချင်းနားထောင်လိုသူများအတွက်ပါ…
Today a reader,tomorrow a leader!