ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားချက် ပုံစံလေးကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Song Kang နဲ့ Han So Hee တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပထမဆုံး Relationship က ပျက်စီးသွားလို့ ရည်းစားထားရမှာ ကြောက်နေတဲ့ ယူနာဘီနဲ့ တစ်ကျောင်းလုံးမှာ Playboy လို့ သတ်မှတ်ထားကြတဲ့ ပတ်ဂျယ်အွန်းတို့ တွေ့တဲ့အချိန်မှာ ပတ်ဂျယ်အွန်းနဲ့ ယူနာဘီ သူတို့နှစ်ယောက်ရဲ့ နှလုံးသားတွေက ဘယ်လိုခံစားချက်တွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ယူနာဘီကို အထက်တန်းကျောင်းမှာကတည်းက ကြိုက်ခဲ့တဲ့ ယန်ဒိုေဟျာ့ဆိုတဲ့ ကောင်လေးကလည်း ယူနာဘီကို ပြန်တွေ့လိုက်ရတဲ့အချိန်မှာ အရင်က ကိုယ်ချစ်ခဲ့ဖူးတဲ့ အချစ်ဦးမိန်းကလေးနဲ့ သူနဲ့ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုပါ ခံစားကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းလေးမှာ ယွန်းဆိုးဆိုတဲ့ ကောင်မလေးနဲ့ ဂျီဝမ်ဆိုတဲ့ ကောင်မလေး နှစ်ယောက်အကြောင်းကိုလည်း တစ်မျိုးတစ်ဖုံကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ ခံစားချက်တွေကို သဘာဝကျကျရိုက်ပြထားတာမို့လို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ရမယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။