Moon Knight: Season 1

Mar. 30, 2022
Your rating: 0
8.5 2 votes

သင်ဟာ Super Hero ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူလား၊ MCU Fan လား၊ သင့်ရဲ့ခန္ဓာကိုယ်မှာ သင်မသိလိုက်ဘဲ Egypt Super Hero တစ်ယောက်ရှိနေတယ်ဆိုရင် သင်ဘာတွေ ကြုံတွေ့နိုင်မလဲ သိချင်ပါသလား ။ ဒီအချက်တွေထဲက တစ်ချက်ချက်နဲ့ကိုက်ညီတယ်ဆိုရင်တော့ Moon Knight Series ကို ကြည့်ဖို့ ညွှန်းပါရစေ။ ထူးခြားတာတစ်ခုက 1975 ခုနှစ်က ဇာတ်လမ်းတစ်ခုထဲမှာ Moon Knight ဇာတ်ကောင်က Villain တစ်ယောက်အနေနဲ့ ပါဝင်ဖူးတယ်လို့ ဆိုကြတာပါပဲ။ ဇာတ်လမ်းသွားကတော့ Steven Grant လို့ခေါ်တဲ့လူတစ်ယောက်က လက်ဆောင်ပစ္စည်းအရောင်းဆိုင်ဝန်ထမ်းဖြစ်ပြီး မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါနဲ့ မအိပ်စက်မိအောင်ကြိုးစားနေတတ်တဲ့ လူတစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ သူနဲ့ Egypt Super Hero တစ်ယောက်ဖြစ်တဲ့ Marc Spector ဆိုတဲ့သူက ခန္ဓာကိုယ်တစ်ခုတည်းကို အတူသုံးစွဲနေမှန်း သိသွားခဲ့ပါတယ်။ ဒီနေရာမှာ Marc Spector ဟာ အီဂျစ်လနတ်ဘုရားကြောင့် Super Hero ဖြစ်လာပြီး လနတ်ဘုရားဆီမှာ အမှုထမ်းတဲ့အတွက် Moon Knight လို့ ခေါ်တွင်ရခြင်းပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက် ရှေးဟောင်းအီဂျစ်နတ်ဘုရားတွေနဲ့ ကြုံတွေ့ရတဲ့အခါ ခန္ဓာကိုယ်တစ်ခုတည်းကို ဘယ်လိုမျှဝေသုံးစွဲကြမလဲ နတ်ဘုရားတွေနဲ့ ဘယ်ပုံဘယ်နည်း ပတ်သက်မလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဒီ Series ထဲမှာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Moon Knight ဟာ တခြား MCU ဇာတ်လမ်းတွေနဲ့ချိတ်ဆက်မှုတွေလည်း ရှိနိုင်သေးတဲ့အတွက် Marvel ဟာ Moon Knight Series ကို ဘယ်အတိုင်းအတာအထိရောက်အောင် ရိုက်သွားမလဲဆိုတာ စောင့်မျှော်ရင်း အပိုင်းခြောက်ပိုင်းပါမဲ့ Moon Knight Mini-Series လေးကို ကြည့်ရှုလိုက်ရအောင်လား ရွှေပန်းသီးပရိသတ်တို့ခင်ဗျား။

Leave a comment

Name *
Add a display name
Email *
Your email address will not be published