Money Heist: Season 5

Sep. 03, 2021
Your rating: 0
10 1 vote

Money Heist Season 5 (2021) (မြန်မာစာတန်းထိုး)


2021 ‧ Crime, Drama ‧ Season 5 | 10 Episodes ‧ 1h, IMDb 8.3


Translation & Synopsis Written by Isabella Luna


Translation Checked & Encoded by Wint Phue Aung


xxxxxxxxxxxxxxxxxxxx

ဒီ Season 5 ကတော့ season တွေတစ်လျှောက်လုံးမှာ အကောင်းဆုံးအပိုင်းလို့ပြောလို့ရပါတယ်။ Fan တွေအတွက် တကယ် စောင့်ရကျိုးနပ်ပါတယ်။ အစပိုင်းကိုတော့ အရင်အပိုင်းဟောင်းရဲ့ အဆုံးသတ်နဲ့ စတင်ထားပါတယ်။ အဖွဲ့သားတွေအားလုံး ဖောက်ထွင်းမှု တစ်ဝက်လောက် ပြီးဆုံးနေချိန်မှာ ပရော်ဖက်ဆာက စုံစမ်းရေးမှူးဟောင်း ဆီအာရာနဲ့ တည့်တည့်တိုးသွားပါတယ်။ တစ်ဖက်မှာ ဗိုလ်မှူး တာမာယိုကလည်း ဓားစာခံတွေကို ကယ်ချင်တာထက် သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုသုံးပြီး စစ်ပွဲဖန်တီးချင်နေပါတယ်။ ခေါင်းဆောင်ဖြစ်သူ ပရော်ဖက်ဆာတစ်ယောက် စုံစမ်းရေးမှူးဟောင်း ဆီအာရာလက်ထဲမှာ အဖမ်းခံလိုက်ရတဲ့အခါ ကျန်အဖွဲ့သားတွေဘာဆက်လုပ်ကြမှာလဲ၊ ဒါ့အပြင် တာမာယိုဆီက သစ္စာဖောက်ခံလိုက်ရတဲ့ ဆီအာရာကရော ဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက်မလဲ၊ ဒီဓားပြမှုကြီး အောင်မြင်ပါ့မလား၊အောင်မြင်မယ်ဆိုရင်တောင် အဖွဲ့သားတွေ စုံစုံညီညီ ပြန်ထွက်လာနိုင်ပါ့မလား၊ ဘယ်သူတွေ ရှင်ကျန်ခဲ့ပြီး ဘယ်သူတွေအသက်ပေးရမလဲ ဆိုတာ ဒီ Season မှာ သေသေချာချာ သိရတော့မှာပါ။ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမယ့်အခန်းတွေကတော့ အန္တရာယ်အများဆုံးအချိန်မှာမှ ဆီအာရာတစ်ယောက် သာမန်လိုမီးမဖွားနိုင်လို့ အခက်အခဲကြုံရပုံ၊ အသက်ကိုစတေးပြီး ရန်သူ ၅ ယောက်ကိုပါ အပါခေါ်သွားတဲ့ ပရော်ဖက်ဆာတို့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးရဲ့ စွန့်လွှတ်အနစ်နာခံပုံ စတာတွေပဲဖြစ်ပါတယ်။ ဇာတ်ရှိန်အမြင့်ဆုံး Season မို့ လုံးဝလက်လွတ်မခံသင့်တာ အမှန်ပါပဲ။ ဆက်ပြောရင် Spoil မိမှာစိုးလို့ ကိုယ်တိုင်ပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။

Leave a comment

Name *
Add a display name
Email *
Your email address will not be published