ဒီတစ်ခေါက် Money Heist S4 မှာတော့ ပရော်ဖက်ဆာဟာ လစ်ဇ်ဘွန်း မသေသေးဘူးဆိုတာကို သိရှိသွားခဲ့ပြီး လစ်ဇ်ဘွန်းကို ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဘဏ်ထဲက ဓားပြအဖွဲ့ဝင်တွေကလည်း နေရိုဘီကို ကယ်ဖို့အတွက် ကြိုးစားနေကြ ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဘဏ်ရဲ့ လုံခြုံရေးခေါင်းဆောင်ဟာ လွတ်မြောက်သွားပြီး ဓားပြမှုကို ဖျက်ဆီးဖို့ ပြင်းပြင်းထန်ထန် တိုက်ခိုက် လာတဲ့အခါမှာ အဖွဲ့သား အားလုံးဟာ အခက်အခဲပေါင်းစုံကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရပါတော့တယ်။ ဒီ season ဟာဆိုရင်လည်း ဇာတ်ရှိန်ကျမသွားတဲ့အပြင် ပါဝင်သမျှ အပိုင်းအစအဆုံးကို ရွှေပန်းသီးချစ်ပရိသတ်တို့က စိတ်လှုပ်ရှားစရာနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။
thanks