Money Heist Season 3 ကိုတော့ Season 2 အပြီး သုံးနှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ကျန်ရှိတဲ့ ဓားပြအဖွဲ့ဝင်တွေဟာ ချမ်းသာစည်းစိမ်ကို သုံးနှစ်တာ စံစားပျော်ရွှင်ခဲ့ကြပြီး တစ်နေ့မှာတော့ အမှားအယွင်းတစ်ခုကြောင့် ရီယို(Rio)ဟာ ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာတော့ တိုကျို(Tokyo)ဟာ ပရော်ဖက်ဆာဆီ ရီယိုကို ကယ်ပေးဖို့ အကူအညီတောင်းပြီး အဖွဲ့ဝင်တွေကို ပြန်လည်စုစည်းကာ ရီယိုကို ကယ်တင်ဖို့အတွက် ဗျူဟာခင်းရင်း စပိန်ဘဏ်မှ နိုင်ငံတော်ပိုင် ရွှေတန် ၉၀ ကို ခိုးယူဖို့ ကြိုးစားပါတော့တယ်။ ရွှေတွေကို ဘယ်လို ထုတ်ယူမလဲ? ရီယိုကိုရော ဘယ်လိုကယ်တင်ကြမလဲ? S1,2 ထက် ပိုကြမ်းပြီး ပိုရင်ထဲထိတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ တင်ဆက်ထားတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ Season 3 လေးကို ကြည့်ရှုခံစားလိုက်ကြပါဦးနော်။