ဒါကတော့ မေလ 2017 မှာထွက်ရှိထားတဲ့ Season-1 ရဲ့ ဇာတ်လမ်းအကျဉ်းလေးပါ။ ဒီ Season မှာ ပရော်ဖက်ဆာဦးဆောင်တဲ့ လုယက်သမား အဖွဲ့က အမျိုးသားငွေကြေးနဲ့ တံဆိပ်ခေါင်းစက်ရုံမှာ လုယက်ကြမှာပါ။ အာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းတဲ့အခါ အကူအညီဖြစ်စေဖို့ ဓားစာခံ တွေကိုပါ ဖမ်းဆီးထားတယ်။ တစ်နိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်သွားစေတဲ့ ပရော်ဖက်ဆာတို့အုပ်စုကို ဖမ်းဖို့အတွက် အာဏာပိုင်တွေလည်း နည်းလမ်းရှာရတာပေါ့။ အဆောက်အဦထဲမှာ လုယက်သူတွေက ငွေရိုက်ထုတ်နေပြီး အစီအစဉ်တစ်ခုလုံးကို ကြိုးကိုင်ထိန်းချုပ်ထားသူကတော့ ပရော်ဖက်ဆာပါ။ ဓားစာခံတွေရဲ့ ဘေးကင်းရေးကိုဦးစားပေးနေရတဲ့ စုံစမ်းစစ်ဆေးရေးအရာရှိနဲ့ ရဲတွေကလည်း ညှိုနှိုင်းတာတွေ၊ ဝင်တိုက် မှာတွေ အသည်းအသန်လုပ်နေကြတယ်။ ပညာသားပါပါနဲ့ ငွေကြေးစက်ရုံထဲမှာ ဘယ်လိုအချိန်ဆွဲပြီး ငွေတွေရိုက်ထုတ်ကြမလဲ? ဘယ်သူ တွေက အချစ်နယ်ကျွံကုန်ပြီး ဒုက္ခရောက်ကြမလဲ? သူတို့ရဲ့အစီအစဉ်ကြီး အောင်မြင်ပါ့မလား ဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရင်း ဇာတ်လမ်း ထဲစီးမျောသွားမယ့် နာမည်ကြီးဇာတ်လမ်းလေးဖြစ်ပါတယ်။