Heavenly Sword and Dragon Slaying Sabre: Season 1

Feb. 27, 2019
Your rating: 0
9 1 vote

Heavenly Sword and Dragon Slaying Sabre (2019) (မြန်မာစာတန်းထိုး)


2019 ‧ Wuxia ‧ Drama, Action & Adventure ‧ 47m, IMDb 7.8


Translated by KarryLin & Vioway


Synopsis Written by KarryLin


Translation Checked & Encoded by Wint Phue Aung


xxxxxxxxxxxxxxxxxxxx

ဒီတစ်ခါ ကျွန်တော်တို့ရဲ့ ပရိသတ်ကြီးတွေကို တင်ဆက်ပေးမှာကတော့ အောင်မြင်မှုတွေ အကြိမ်ကြိမ်ရထားပြီး ထပ်တလဲလဲ remake version တွေ ပြန်ရိုက်ကူးရလောက်အောင် အောင်မြင်တဲ့ တရုတ်ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက တီဗွီရုပ်သံလိုင်းတွေမှာ ညတိုင်း စောင့်ကြည့်ခဲ့ရတဲ့ ငယ်ဘဝရဲ့ အမှတ်တရလေးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်က အစောဆုံး စပြီး ၂၀၁၉ ခုနှစ်အထိ ၇ မျိုးတိုင်တိုင် နှစ်ပေါင်းမနည်း ရိုက်ကူးတင်ဆက်ရလောက်အောင် အောင်မြင်တဲ့ စာရေးဆရာကြီး Jin Yong (金庸) ရဲ့ ဝတ္ထုစာအုပ်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပါ။ ဒီ version ကို အဓိက Main lead အနေနဲ့ Joseph (曾舜晞) မင်းသားချောလေးက ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ထွေထွေထူးထူး ပြောပြစရာလိုမယ်လို့တောင် မထင်ပါဘူး။ တချို့ပရိသတ်တွေဆိုရင် ဇာတ်ကောင် နာမည်တွေက အစမှတ်မိနေလောက်ဦးမှာပါ။ ဇာတ်လမ်းထဲမှာ အဓိကမင်းသားဖြစ်တဲ့ ကျန်းဝူကျိကတော့ မမွေးဖွားလာသေးဘဲ သူ့ရဲ့ မိဘတွေ နဲ့ သိုင်းလောကသားတွေ နဂါးနိုင်ဓားကို လုကြရာကနေ ဇာတ်လမ်းကို အစချီထားပါတယ်။ နောက်တော့ နဂါးနိုင်ဓားကို အကြောင်းပြုရင်း ရွှေခြင်္သေ့မင်း ရှဲ့ရွှင့်ကြောင့် ကျန်းဝူကျိရဲ့ မိဘနှစ်ပါးတို့ဟာ အကြောင်းပါပြီး မီးရေခဲကျွန်းပေါ်မှာ ကျန်းဝူကျိကို မွေးဖွားပါတယ်။ ကျန်းဝူကျိဟာ အရွယ်ရောက်လာတော့လည်း သူ့ဘဝတစ်လျှောက်လုံးက နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားကြောင့် မင်းသမီး မျိုးစုံ နဲ့ ကြုံတွေ့ရပါတယ်။ ပြောရရင်တော့ မျက်နှာများတဲ့ သူတစ်ယောက်ပေါ့ဗျာ။ မင်းသမီးတွေကလည်း အကုန် ကျန်းဝူကျိကို တိတ်တခိုး တစ်ဖန်၊ ပေါ်တင် တစ်လှည့် ကြိုက်နေကြသူတွေချည်းပါပဲ။ ဒီလိုနဲ့ အဓိက ဇာတ်ကောင်မင်းသား ကျန်းဝူကျိ နဲ့ မင်းသမီးတွေကြားက အချစ်ဇာတ်လမ်းတွေ၊ နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားရဲ့ လျှို့ဝှက်ချက် နောက်ကြောင်းရာဇဝင်တွေကို သိရှိတွေ့မြင်ရပြီး ဒီ version မှာတော့ မင်းသား ကျန်းဝူကျိဟာ သူ့ဘဝလက်တွဲဖော်အဖြစ် ဘယ်သူ့ကို ရွေးချယ်သွားမလဲ ဆိုတာကို ပရိသတ်ကြီးတို့ ကြည့်ရှုအားပေးကြပါဦး။ ဒီနဂါးနိုင်ဓားကားဟာ version အဆက်ဆက် remake လုပ်လာတာမို့ တချို့နေရာလေးတွေမှာ တကယ့် မူရင်းနဲ့ နည်းနည်းကွဲနေတတ်သလို၊ တစ်ကားနဲ့ တစ်ကားဟာလည်း ဇာတ်လမ်းအဆုံးသတ်တွေက မတူတတ်ကြတာမို့ ပရိသတ်ကြီးတို့အတွက် ဒီဇာတ်လမ်းတွဲလေးကလည်း စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။

Leave a comment

Name *
Add a display name
Email *
Your email address will not be published