Girl from Nowhere Season 1 ကို GMM 25 ကနေ ၂၀၁၈ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ သဘာဝလွန် ထိတ်လန့်ချောက်ချားဖွယ်ရာ ဇာတ်ကားအမျိုးအစားပါ။ ဒီဇာတ်ကားလေးကတော့ မသေဆုံးနိုင်သူ နာနိုလို့ အမည်ရတဲ့ ပဟေဠိဆန်တဲ့ ကျောင်းသူတစ်ယောက်ကို အဓိကဇာတ်ကောင်အနေနဲ့ ပုံဖော်ထားကာ သူမကို အပိုင်းတစ်ပိုင်းချင်းစီမှာ ကျောင်းတစ်ကျောင်းချင်းဆီကို ပြောင်းရွှေ့တက်ရောက်ခိုင်းပြီး အမြတ်ကြီးစားခေါင်းပုံဖြတ်တတ်တဲ့ဆရာတွေကနေ အထက်စီးဆန်၊ အနိုင်ကျင့်တတ်တဲ့ကျောင်းသားတွေအထိ ကျောင်းတစ်ကျောင်းချင်းစီရဲ့ ကျော်မကောင်း ကြားမကောင်းတဲ့ အတွင်းရေးကိစ္စတွေကို ဖော်ထုတ်ပြသွားမှာပဲဖြစ်ပါတယ်။ ပြောကြားချက်တွေအရတော့ ဒီဇာတ်လမ်းဟာ ကျောင်းပေါင်း ၁၃ ကျောင်းဆီက ကျောင်းသူတွေကို မေးမြန်းအခြေခံထားတာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာထိပါးမှု၊ အနိုင်ကျင့်မှု၊ မုဒိမ်းကျင့်မှုနဲ့ စာသင်နှစ်လိမ်လည်ခြင်းတွေ ပါဝင်ပါတယ်။ ဒီ Season 1 မှာ ပါဝင်တဲ့ အပိုင်း ၁၃ ပိုင်းရဲ့ တစ်ပိုင်းချင်းစီကို ဒါရိုက်တာတစ်ယောက်စီနဲ့ ရိုက်ထားတာကြောင့် တစ်ပိုင်းချင်းစီရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက မတူညီဘဲ သစ်လွင်တဲ့ရှုထောင့်တွေကို အပိုင်းတိုင်းမှာ ခံစား ကြည့်ရှူနိုင်ကြမှာပဲ ဖြစ်ပါတယ်။