ဒီတစ်ခေါက် Season မှာတော့ တန်ဂျိရိုတို့အဖွဲ့ဟာ အသံဟရှိရနဲ့အတူ ပူးပေါင်းပြီး အထက်အဆင့်မကောင်းဆိုးဝါးနှစ်ကောင်နဲ့ အပြိုင်ကြဲမယ့် တိုက်ပွဲတွေကို တစ်ဝကြီးရှူစားရမှာဖြစ်ပါတယ်။ အသံဟရှိရရဲ့ချောမော၊ ခန့်ညား၊ တည်ကြည်တဲ့ ယောက်ျားပီသမှုအောက်မှာ ကြွေဆင်းနေတဲ့ သူ့ရဲ့ဇနီးမယား အလှပဂေးလေးတွေကလည်း ဒီ Season မှာ ပါဝင်ပါသေးတယ်။ အစွမ်းထက်လွန်းတဲ့ အထက်အဆင့်မကောင်းဆိုးဝါးကြောင့် တန်ဂျိရိုကို ကာကွယ်ချင်ဇောနဲ့ ညီမဖြစ်သူ နဲဇုကိုလေးဟာ သူမရဲ့အမျက်ဒေါသနဲ့အတူ ရုတ်တရက်ဆန်တဲ့အသွင်ပြောင်းမှုကြီးမှာ မကောင်းဆိုးဝါးတစ်ကောင်လို လုံးလုံးပြောင်းလဲသွားတော့မယ့်အဖြစ်မျိုးကို တန်ဂျိရိုတစ်ယောက် အချိန်မီဟန့်တားနိုင်ပါ့မလားဆိုတာ၊ တစ်ကွက်တည်းကိုပဲ ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ထားတဲ့ ဇဲနိစုနဲ့ အကြမ်းပတမ်းခံတဲ့တောင်ပေါ်သား အိနိုဆုကဲတို့ရဲ့ လက်ရည်ညီတဲ့ ပူးတွဲ တိုက်ပွဲက ဘယ်လိုမျိုး ကြည့်ကောင်းနေမလဲဆိုတာ၊ ရင်ဆိုင်နေရတာက ဟရှိရတွေကို သတ်ဖြတ်နိုင်ကြတဲ့ အထက်အဆင့်မကောင်းဆိုးဝါးတွေ ဖြစ်နေတာကြောင့် အသံဟရှိရကိုယ်တိုင် ပါဝင်နေပေမယ့် သူသေကိုယ်သေတိုက်ပွဲမျိုးက ဘယ်လိုရလဒ်မျိုးနဲ့ အဆုံးသတ်သွားမှာလဲ ဆိုတာတို့ကို စိတ်ဝင်တစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဒီ Season ကို အပိုင်း ၁၁ ပိုင်းနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားပြီး ပရိသတ်ကြီးတို့ အပန်းဖြေကြည့်ရှုနေကြတုန်းမှာပဲ Demon Slayer ရဲ့ထုံးစံအတိုင်း အနှစ်သာရများစွာ ချန်ပေးသွားဦးမှာဖြစ်ပါတယ်။
Series collection | Mega | Mediafire | Dropbox | Telegram | Website Page Link |
---|---|---|---|---|---|
S1: Kimetsu no Yaiba | Click Here | Click Here | Click Here | Click Here | Click Here |
S2: Movie Mugen Train | Click Here | Click Here | Click Here | Click Here | Click Here |
S3: Entertainment District Arc | Click Here | Click Here | Click Here | Click Here | Click Here |