Attack on Titan: Season 4

Dec. 07, 2020
Your rating: 0
10 1 vote

Attack on Titan: Season 4 (မြန်မာစာတန်းထိုး)
 

TV-MA Sci-Fi & Fantasy, Animation, Action & Adventure 25m
 

Translate & Script = Wint Phue Aung
 

Translator Incharge & Encoded by Thi Ha Thu
 

xxxxxxxxxxxxxxxxxxxx
 

အခုတစ်ခေါက်အတွဲ ၄ ကတော့ အတွဲ ၁၊ ၂၊ ၃ တုန်းကလို မဟုတ်တော့ဘဲ တမူထူးခြားတဲ့အမြင်သစ်နဲ့ ခံစားကြည့်ရှူရမှာဖြစ်ပါတယ်။ ရင့်ကျက်ပြီး လူကြီးဆန်သွားကြတဲ့ဇာတ်ကောင်တွေရဲ့စရိုက်လက္ခဏာ၊ အသွင်ပုံစံတို့ကို ဒီတစ်ခေါက် အတွဲ ၄ မှာ စတင်တွေ့မြင်ရမှာဖြစ်ပြီး အဲရမ်ရဲ့ ချေမိုးနေတဲ့စတိုင်လ်နဲ့ သွေးအေးရက်စက်သွားတဲ့အပြုအမူတွေက ကြည့်ရှူသူတွေကို ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့အထိ ခံစား သွားစေရမှာ အမှန်ပါ။ အစပိုင်းက မာလေနိုင်ငံတော်ကြီးမှာ ဖြစ်ပျက်နေတာတွေကို အသေးစိတ်ကျကျပုံဖော်ထားပြီး မာလေ‌မြေဖွား အဲလုဒီယန် လူမျိုးတွေရဲ့ဖိနှိပ်ခံဘဝကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ရဦးမှာဖြစ်ပါတယ်။ IMDb Rating 9.9 ထိရရှိပိုင်ဆိုင်သွားရတဲ့ အပိုင်းတွေမှာဆိုရင် မာလေပြည်ကြီးထဲ ကျူးကျော်ဝင်ရောက်ပြီး စစ်ချီတိုက်လိုက်တဲ့အဲရမ်ရဲ့တစ်ကိုယ်တော်လှုပ်ရှားမှုတွေနဲ့ မီခါဆာ၊ အားရုမင်၊ ဆာရှာ၊ ကွန်နီ၊ ဂျန်၊ လီဗိုင်တို့ရဲ့ဖြည့်စွက်ပံ့ပိုးမှုတွေကို အပီအပြင်ပုံဖော်ပြထားပါတယ်။ အဲဒီအပိုင်းတွေမှာ ‘စစ်ရေးသုံးတူ’ လူ့ဘီလူးကြီးရဲ့ အသုံးဝင်တဲ့ အစွမ်း တွေကိုပါ တိုက်ပွဲအတွင်းမှာတင် ဖော်ပြပေးသွားပါတယ်။ နောက်ပြီး စစ်ချီပွဲကြီးပြီးသွားတဲ့အချိန်မှာတော့ မထင်ထားခဲ့တဲ့ အခြေအနေဆိုးက ဖြစ်ပျက်သွားခဲ့ပါတယ်။ အတွဲ ၄ အဆုံးသတ်ဖို့ အပိုင်းအနည်းငယ်အလိုမှာ လီဗိုင်နဲ့ သားရဲလူ့ဘီလူးကြီးတို့ တစ်ဖန်ထိပ်တိုက် တွေ့ဦးမယ့် အပိုင်းကလည်း ထပ်မံပါဝင်သေးတာဖြစ်လို့ လီဗိုင်ရဲ့အမျက်ဒေါသနဲ့ အဲရမ်ရဲ့ချေမိုး‌နေတဲ့ပုံရိပ်တွေ ဘယ်လောက်ထိ မိမိုက်နေမလဲ ဆိုတာ သိချင်ရင်တော့ အခုပဲ ကြည့်ရှုခံစားလိုက်ပါနော်။

Attack on Titan: Season 4 Part 2 (2022)(မြန်မာစာတန်းထိုး)


2022 ‧ Animation, Action & Adventure ‧ Season 4 Part 2 | 24m, IMDb 9


Synopsis Written, Translated & Encoded by Wint Phue Aung


xxxxxxxxxxxxxxxxxxxx

ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး တခြားသူအတွက် ထည့်တွေးပေးတာမျိုးမရှိကြတဲ့ လူသားမျိုးနွယ်တွေဟာ ကိုယ့်သွေးသား၊ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်လူမျိုးနဲ့ ပတ်သက်လာတဲ့အခါမှာလည်း ဘာကိုမှ ထည့်မတွက်၊ မစဉ်းစားတော့ဘဲ ပိုပြီးတောင် တစ်ကိုယ်ကောင်းဆန်၊ အတ္တကြီးတတ်ကြပါတယ်။ လူသားတွေရဲ့ စိတ်ထဲမှာ မမြင်ရလို့သာ မသိထားကြတဲ့.. သိထားသော်လည်း မေ့ထားကြတဲ့.. မကောင်းဆိုးဝါး စိတ်အမှောင်ထုရဲ့ကြီးစိုးမှုက လက်တွေ့အပြင်မှာ ဘယ်လောက်ထိသက်ရောက်မှုရှိနေလဲ။ ဒီထက်ပိုကောင်း တာတွေသာ ဖြစ်လာနိုင်ဦးမယ်ဆိုရင်ရော ဘဝမှာ ကျူးလွန်မိခဲ့တဲ့ အမှားတွေကို မှားမှန်းသိရက်နဲ့လည်း ထပ်ပြီး ကျူးလွန်မှာပဲလား။ ကိုယ်ချင်းစာတရားက ကိုယ်နာကျင်ရမှ သဘောပေါက်တတ်တဲ့အရာဆိုရင် နာကျင်ပြီးလို့ သက်သာသွားတဲ့အခါမှာရော သူများတစ်ဖက်သားကို နာကျင်အောင် ထပ်လုပ်နေဦးမှာပဲလား။ နာကျင်ရတာတွေကို ပြန်ကုစားနိုင်ဖို့က ကလဲ့စားချေရုံအပြင်မရှိတော့ဘူးလား။ ဒါတွေကို ဒီ Final season ရဲ့ part 2 ကြည့်ရင်း ခံစားမိမှာပါ။ အင်အားကြီးမာလေနဲ့ အဲလုဒီယန်လူမျိုးကြားက ပဋိပက္ခတွေဟာလည်း အကန့်အသတ်မဲ့ ဖြစ်ပွားနေပြီး ဒါတွေရဲ့အဆုံးသတ်က အဲရမ်ရဲ့ တဇွတ်ထိုးဆန်တဲ့အပြုအမူတွေပေါ်မှာပဲ မူတည်မှာလား။ တော်ဝင်သွေးပါတဲ့ ဇိခ်ရဲ့လက်ထဲမှာပဲ ရှိနေမှာလား။ သူတို့ ၂ ယောက်က တကယ်ရော တစ်ဖက်တည်းမှာ အတူရှိနေနိုင်မှာလား။ အားလုံးရဲ့အဖြေက ဒီအပိုင်း ၁၇ ကနေ ၂၈ တည်းမှာ ရှိတာမလို့ AOT ရဲ့ အနုစိတ်လှတဲ့ ရသကို တွေ့မြင်နိုင်ဖို့အတွက် ပရိသတ်တို့ကိုယ်တိုင်သာ ဝင်ရောက်ကြည့်ရှုလိုက်ပါရှင်..

Leave a comment

Name *
Add a display name
Email *
Your email address will not be published