Attack on Titan: Season 3

Jul. 23, 2018
Your rating: 0
7 1 vote

Attack on Titan: Season 3 (မြန်မာစာတန်းထိုး)
 

TV-MA Sci-Fi & Fantasy, Animation, Action & Adventure 25m
 

Translate & Script = Wint Phue Aung
 

Translator Incharge & Encoded by Thi Ha Thu
 

xxxxxxxxxxxxxxxxxxxx
 

အတွဲ ၂ မှာ ပါဝင်လာခဲ့တဲ့သားရဲလူ့ဘီလူးကြီးနဲ့ ဗိုလ်ကြီးလီဗိုင်တို့ ထိပ်တိုက်တွေ့ကြတော့မှာပဲဖြစ်ပါတယ်။ ဗိုလ်ကြီးလီဗိုင်ရဲ့ ဟာကွက်မရှိတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အပြိုင်ကြဲပေးမယ့် လူသတ်သမားခေါင်ကြီးတို့အဖွဲ့ကလည်း ထပ်လောင်းပါဝင်ဦးမှာဖြစ်ပါတယ်။ ဒီအတွဲ ၃ မှာဆိုရင် နံရံအပြင်လောကကြီးအကြောင်းနဲ့ လူ့ဘီလူးတွေ ဘယ်လိုဖြစ်တည်လာပြီး အဲရမ်တို့က ဘာကြောင့် နံရံအတွင်းပိုင်းထဲမှာပဲ ရှင်သန်ရတာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိရတော့မှာပဲ ဖြစ်ပါတယ်။ အဲရမ့်အဖေ ဂရစ်ရှာရဲ့မြေအောက်ခန်းလျှို့ဝှက်ချက်ကြီးနဲ့ သမိုင်းကြောင်း အရှုပ်တော်ပုံကို မသိရှိရခင်မှာ တစ်ဖက်မှာလည်း အဲရမ်တို့ကင်းထောက်တပ်သားတွေအနေနဲ့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းလွန်းတဲ့ အခြေအနေဆိုးကြီးတွေနဲ့ကြုံတွေ့ရဦးမှာလဲဆိုတာရယ်၊ အဲရမ်တို့ တကယ်တမ်းရင်ဆိုင်နေရတာက လူ့ဘီလူးတွေတင် မဟုတ်ဘဲ လူသား တွေကိုပါ ရင်ဆိုင်နေရတယ်ဆိုတာတွေ၊ ဘယ်ရုတိုတိုနဲ့ ရိုင်းနာတို့ရဲ့လူ့ဘီလူးတွေအပြင် သားရဲလူ့ဘီလူးကိုပါ ထိပ်တိုက်ရင်ဆိုင်ဖို့ အတွက် တပ်ရင်းမှူးအဲရဝင်း ပေးဆပ်လိုက်မယ့် လောင်းကြေးစားကြေးအကြီးစားရယ်၊ အားရုမင်ရဲ့အဆုံးစွန်ထိ ပေးဆပ်မှုတွေကြားထဲမှာမှ မျက်တောင်ခတ်ဖို့မေ့ရလောက်အောင်အထိကို စိတ်ဝင်တစား ရူစားရဦးမှာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်အတွဲ ၃ မှာ IMDb Rating 9.9 ကြီးတောင် ရရှိထားတဲ့ အပိုင်း ၃ ပိုင်းကလည်း ပါဝင်နေတာဖြစ်လို့ ဘယ်လောက်ထိ ရင်ထဲထိစေဦးမလဲဆိုတာကို အခုချက်ချင်း ကြည့်ရှုလိုက်ကြဖို့ပဲ အကြံပေးပါရစေနော်။

Leave a comment

Name *
Add a display name
Email *
Your email address will not be published