အတွဲ ၁ မှာတုန်းက ကြီးမားခိုင်ခံ့လွန်းတဲ့ မာရီယာနံရံကြီးကို ဖျက်ဆီးပစ်ခဲ့ကြတဲ့ ဧရာမလူ့ဘီလူးကြီးနဲ့ သံမဏိကိုယ်ထည်လူ့ဘီလူးကြီးတို့ရဲ့ တကယ့်သရုပ်မှန်ကို ဒီအတွဲ ၂ မှာသိရှိရမှာဖြစ်ပြီး အဲဒီလူ့ဘီလူးနှစ်ကောင်ထက် ပိုအစွမ်းထက်တယ်လို့ ယူဆရတဲ့လူ့ဘီလူးကြီး တစ်ကောင်က လည်း အတွဲ ၂ အပိုင်းမှာ ထပ်လောင်းပါဝင်လာတာဖြစ်လို့ အဲရမ်တို့ကင်းထောက်တပ်ဖွဲ့အတွက် တကယ့်ကိုကြီးကျယ်လွန်းတဲ့ စိန်ခေါ်မှုကြီး တစ်ခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ အဲရဝင်းဦးဆောင်တဲ့ကင်းထောက်တပ်ကြီးဟာ အားရုမင်ပြောနေကျလက်သုံးစကားလိုမျိုး “ဘာကိုမှ မစွန့်လွှတ်နိုင်သရွေ့ ဘယ်အရာကိုမှ ပြောင်းလဲလို့ရမှာမဟုတ်ဘူး” ဆိုတဲ့စကားအတိုင်း ကမ္ဘာကြီးရဲ့အမှန်တရားကို သိရှိရဖို့ ဘာတွေ ကို ဘယ်လောက်ထိ စွန့်လွှတ်ပေးဆပ်ရမလဲဆိုတာကို ရင်သပ်ရှူမောဖွယ် ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ နောက်ပြီးအတွဲ ၂ မှာ IMDb Rating 9.9 အထိတောင် ရရှိပိုင်ဆိုင်ထားတဲ့အပိုင်းတစ်ပိုင်းလည်းပါဝင်ထားတာဖြစ်လို့ တကယ့်ကိုကြည့်ရတန်စေဦးမှာပဲ ဖြစ်ပါတယ်။