Attack on Titan: No Regrets: Season 1

Dec. 09, 2014
Your rating: 0
7 1 vote

Attack on Titan: No Regrets (2014) (မြန်မာစာတန်းထိုး)


Sci-Fi & Fantasy, Action & Adventure, Animation 27m, IMDB 9.2


Translate & Script = Wint Phue Aung


Translator Incharge & Encoded by Thi Ha Thu


xxxxxxxxxxxxxxxxxxxx

OVA တွေကတော့ Season တွေထဲမှာ မပြသရသေးတဲ့အထူးအပိုင်းတွေကို စနစ်တကျနဲ့ အနုစိတ်ပုံဖော်ပေးထားတာတွေပဲဖြစ်ပါတယ်။ မကြည့်ဖြစ်လိုက်ရင် တစ်ခုခုလိုနေသလို၊ ဟာတာတာဖြစ်နေသလိုကို ခံစားရတဲ့အထိ ဖြစ်စေနိုင်တာမို့လို့ OVA တွေကိုလည်း ချန်မထားဘဲ ကြည့်စေချင်ပါတယ်‌နော်။ AOT ဆိုတဲ့အတိုင်း တစ်ပိုင်းချင်းစီကအစ အချိန်ပေး ကြည့်ရကျိုးလည်းနပ်စေဦးမှာပါ။ ဒီအပိုင်းတွေမှာဆိုရင် သာမန်လူ့ဘီလူးတစ်ကောင်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူ နံရံအပြင်မှာ အသက်လုပြီး သက်သေချန်ထားပေးခဲ့တဲ့ ကင်းထောက် တပ်သားမလေးရဲ့တာဝန်ကျေပွန်မှုက ဘယ်လိုမျိုးလဲ၊ တဇွတ်ထိုးနိုင်တဲ့ ဂျန်ရဲ့ဘဝဇာတ်ကြောင်းနဲ့အတူ ဂျန်နဲ့ ဆာရှာတို့ လက်စွမ်းပြမယ့် ဟင်းချက်ပြိုင်ပွဲကြီးက ဘယ်လောက်ထိပြင်းထန်မှာလဲ၊ လေ့ကျင့်တပ်သားဘဝမှာ အဲရမ်တို့အဖွဲ့သားတွေ စည်းစည်းလုံးလုံးနဲ့ ဝါရင့်နေတဲ့ ဓားပြ တွေကို ဘယ်လိုမျိုး အနိုင်ယူနိုင်ခဲ့မလဲ၊ လီဗိုင်တစ်ယောက် ကင်းထောက်တပ်ထဲ မဝင်ခင်မှာ ကျင်လည်ခဲ့တဲ့လောကကြီးအကြောင်းနဲ့အတူ လီဗိုင်ရယ် အဲရဝင်းဦးဆောင်တဲ့ကင်းထောက်အဖွဲ့ရယ် ဘယ်လိုတွေ ထိပ်တိုက်တွေ့မှာလဲ၊ လီဗိုင်ရဲ့သွေးသောက်ညီအစ်ကိုတွေလို အနားမှာ အတူရှိခဲ့ကြတဲ့မိတ်ဆွေတွေနဲ့အတူ ဂျာမန်သီချင်းကောင်းလေးကို နားဆင်ရင်း တစ်ချိန်က လီဗိုင်ရဲ့ဘဝထဲ တခဏတာအမောဖြေကာ စကားလုံးနဲ့တောင် ဖော်ပြလို့မရတဲ့ လီဗိုင့်ဘဝရဲ့အမှောင်မိုက်သွားဆုံးအခိုက်အတန့်က ဘယ်လောက်ထိရင်နာစရာကောင်းနေမလဲ၊ Season တွေထဲမှာ သိပ်မပါဝင်လိုက်တဲ့ အန်နီးလဲအွန်ဟတ်ရဲ့လုပ်ဆောင်ချက်တွေကို ဘယ်လိုအခန်းကဏ္ဍမျိုးတွေနဲ့ ပြန်ပြီးအသက်သွင်းမလဲ၊ အန်းနီရဲ့ ပုံရိပ်လေးတွေကို အလွမ်းပြေကြည့်ရှူရင်း အပိတ်သီချင်းကောင်းလေးကိုလည်း ခံစားနားဆင်ရဦးမှာပါ၊ နောက်ပြီး မီခါဆာရဲ့ အဲရမ်အပေါ် ထားရှိတဲ့ခံစားချက်တွေဟာ ကံကြမ္မာကိုပါ အန်တုလိုက်ချင်တဲ့အထိ ဘယ်လောက်တောင် ပြင်းထန်နေမလဲ စတာတွေကို OVA ထဲမှာပဲ အစုံအလင်မြင်တွေ့ရမှာမို့လို့ ဆက်ဆက်ကြည့်လိုက်ကြပါဦးနော်။

Leave a comment

Name *
Add a display name
Email *
Your email address will not be published