
ဒီကားလေးဟာ နာမည်ကြီး 5 cm per Second တို့၊ Weathering With You တို့ကိုရိုက်ကူးထားတဲ့ ဒါရိုက်တာကြီး Makoto Shinkai ရဲ့လက်ရာမြောက်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပြီးတော့ IMDb Rating 8.4 အထိရရှိထားပါတယ်။ တောမြို့လေးထဲမှာပဲနေရပြီး ရိုးရာအစဉ်အလာတွေကိုချည်း ထိန်းသိမ်းစောင့်ရှောက်နေရတဲ့ မီရမီဇု မိစုဟဆိုတဲ့ကောင်မလေးဟာ ဘဝကိုငြီးငွေ့လာတဲ့အတွက် နောက်ဘ၀ကျရင် မြို့ကြီးပြကြီးတိုကျိုက ကောင်ချောလေးတစ်ယောက်ဖြစ်ချင်ပါတယ်ဆိုပြီး ညည်းတွားဆုတောင်းတောင်းလိုက်မိပါတယ်။ နောက်တစ်နေ့လည်းကျကော သူက တိုကျိုကကောင်လေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲရောက်နေခဲ့ပါတယ်။ မိစုဟတစ်ယောက် အိပ်မက်အထင်နဲ့ ချော်လဲရောထိုင် ကျရာဇာတ်ကျနေလိုက်ပေမဲ့ တစ်ဖက်မှာ ဒီခန္ဓာရဲ့ပိုင်ရှင် တချီဘန တကီဆိုတဲ့ကောင်လေးကလည်း သူရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေခဲ့ပါတယ်။ သူလည်းပဲ မိစုဟလိုပဲ အိပ်မက်လိုပဲထင်ပြီး လုပ်ချင်ရာလျှောက်လုပ်ရင်း နောက်ပိုင်းမှ အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အတွက် စိတ်ချင်းလဲသွားတဲ့နှစ်ယောက်ယောက်သား ဒီပဟေဠိကြီးကိုအဖြေရှာရင်း သူတို့နေ့စဉ်ဘဝတွေမှာ အချင်းချင်းရိုင်းပင်းကူညီဖြတ်သန်းပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။