
ချာလော့ဒယ်လာနီ –“အမေ့ကို ဒီလိုပုံစံမျိုး တစ်ခါမှမမြင်ဖူးဘူး…ကြောက်စရာကောင်းနေတယ်”
အိုင်ယာလန်နိုင်ငံရဲ့ အဓိကမြို့တော်ဖြစ်တဲ့ ဒတ်ဘလင်းမြို့မြောက်ပိုင်းမှာ ဟောလိုးဝင်းပွဲတော်ရာသီဆိုရင် ဒေသခံတွေကို အကာကွယ်ပေးပြီး သန့်စင်စေတယ်လို့ ယူဆတဲ့အနေနဲ့ မီးပုံပွဲတွေလုပ်ကြတဲ့ ဓလေ့တစ်ခုရှိပါတယ်။ ဒီဇာတ်လမ်းကတော့ အဲ့ဒီပြည်နယ်မှာနေထိုင်တဲ့ အိုင်းရစ်(ရှ်) လူမျိုးမိသားစုတစ်စုမှာ ဇာတ်အိမ်တည်ထားတာပါ။ ဒယ်လာနီမိသားစုမှာမွေးဖွားခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး ချာလော့ဒယ်လာနီဟာ ယခင်နှစ်တွေတုန်းကတော့ ပျော်ပျော်နေတတ်တဲ့ ကလေးပေါ့။ သူမရဲ့မိခင် အိန်ဂျလာ တစ်ယောက် စိတ်ကျရောဂါခံစားခဲ့ရပြီးနောက်ပိုင်း သူမလည်းအရင်လိုနေရတာ မပျော်တော့ပါဘူး။ တစ်ရက်မှာ သူမကိုကျောင်းလိုက်ပို့ပြီး အပြန် သူမရဲ့မိခင်ဟာ အိမ်ပြန်ရောက်မလာဘဲ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ သူမရဲ့မိခင်ဟာ အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ အရင်နဲ့မတူဘဲ ပြောင်းလဲနေခဲ့ပါပြီ။ ချာလော့ လည်း သူမရဲ့မိခင် ပြောင်းလဲသွားရတဲ့ အကြောင်းရင်းကို စုံစမ်းခဲ့တဲ့အခါ နောက်ကွယ်က ကိစ္စတွေက သူမ ထင်ထားသလို ရိုးရှင်းရဲ့လား? ချာလော့ရဲ့အမေကရော ဘယ်ကိုရောက်နေခဲ့တာလဲ? ဟောလိုးဝင်းရဲ့မီးပုံပွဲနဲ့ ဘယ်လိုဆက်စပ်နေဦးမလဲ? ဆိုတာ…IMDb rating မှာ 5.8/10 ပဲရခဲ့ပေမဲ့ Rotten Tomatoes မှာ 89% ထိ ရထားပြီး Toronto ရဲ့ people choice award ဆုရထားတဲ့ Horror, Thriller & Drama အမျိုးအစားဖြစ်တဲ့ ဒီကားလေးမှာ ကြည့်လိုက်ကြရအောင်။