
၁၉၇၉ ခုနှစ်မှာ တက်သစ်စ ညစ်ညမ်းသရုပ်ဆောင်မလေး မက်စ်ဆင်း မင့်စ်ဟာ သူမရဲ့ ချစ်သူ ပရိုဂျူဆာ ဝိန်း၊ တွဲဖက်သရုပ်ဆောင် ဘော်လီလင်း၊ ဂျက်ဆင်ဟိုး၊ ဒါရိုက်တာ အာဂျေနဲ့ သူ့ချစ်သူ လိုရင်းတို့နဲ့အတူ ညစ်ညမ်းဇာတ်ကားလောကကို ဖောက်ထွက်ပြီး ဇာတ်ကားကောင်းရိုက်ဖို့အတွက် တက္ကဆက်ပြည်နယ်ကို ခရီးထွက်လာခဲ့ကြတယ်။ ဇာတ်ကားရိုက်ဖို့အတွက် အသက်ကြီး လင်မယားနှစ်ဦး ဖြစ်တဲ့ ဟောင်းဝဒ်နဲ့ ပုလဲတို့ ပိုင်တဲ့ စပါးခင်းထဲက အိမ်လေးကို ငှားခဲ့ကြတယ်။ အိမ်ငှားလိုက်တဲ့ လင်မယားနှစ်ဦးဟာ ငယ်စဉ်က အိမ်ထောင်ရေး အဆင်ပြေခဲ့ပေမယ့် အသက်တွေကြီး ရုပ်ရည်တွေ အိုမင်း ပျက်စီးတဲ့အချိန်မှာ ခင်ပွန်းဖြစ်သူက နှလုံးလည်း အားနည်း၊ ဇနီးဖြစ်သူကလည်း ခင်ပွန်းကို ဆွဲဆောင်နိုင်လောက်တဲ့အထိ အလှအပ မရှိတော့တာမို့ သူတို့ရဲ့ ဆက်ဆံရေးက တစ်ခုခုလိုအပ်နေခဲ့တယ်။ ဒီလိုနဲ့ ရုပ်ရှင်အဖွဲ့က “လယ်သမား၏သမီးများ”ဆိုတဲ့ ဇာတ်ကားကို စရိုက်ကြတယ်။ ညရောက်လို့ ရှုတင်နားပြီး အချင်းချင်း စကားပြောနေကြတုန်း ဒါရိုက်တာ အာဂျေရဲ့ ချစ်သူ လိုရင်းက သူလည်း ဒီကားထဲမှာ ရိုက်ချင်တယ်လို့ ပြောပြီး သမီးရည်းစားတွေ ကတောက်ကဆ ဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ အာဂျေတစ်ယောက် ထွက်သွားမယ့်အချိန်မှာ အဘွားကြီးနဲ့ တွေ့ပြီး မမျှော်လင့်ထားတဲ့ ထိတ်လန့်စရာတွေ ဖြစ်ကုန်တယ်။ ညသန်းခေါင်အချိန် လိုရင်းတစ်ယောက် သူ့ရည်းစားကို ရှာဖို့ ဝိန်းကို အကူအညီတောင်းပြီး လိုက်ရှာကြရင်း လူအိုလင်မယားနဲ့ ဘယ်လိုပြဿနာတွေ၊ ထိတ်လန့်စရာတွေ ကြုံရမလဲဆိုတာ သိရဖို့ အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ကြပါ။ ဒီဇာတ်ကားလေးဟာ 18+ adult scene တွေ ပါတာမို့ အသက်ပြည့်မှ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Thriller adult movie ကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် သင်္ကြန်မှာ ဇာတ်ကားကြည့်ပြီး Chill ဖို့ ဒီကားလေးက အသင့်တော်ဆုံးပါပဲ။