
ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၂၀ ခုနှစ်ကထွက်ထားတဲ့ Words Bubble Up Like Soda Pop ဆိုတဲ့ anime ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင် လူမှုဆက်ဆံရေးမကောင်းတဲ့ကောင်လေးနဲ့ ကိုယ့်ရဲ့ရုပ်ရည်အပေါ် ယုံကြည်ချက်ကင်းမဲ့နေတဲ့ ကောင်မလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး IMDb rating 6.8 အထိ ရရှိထားပါတယ်။ အချိန်ရှိတိုင်း သူဝါသနာပါရာ ကဗျာတွေကိုသာ ဖွဲ့နွဲ့နေတတ်ပြီး လက်ရှိမှာ ခါးနာနေတဲ့မိခင်အစား ဈေးဝယ်စင်တာရဲ့လူကြီးထိန်းဝန်ဆောင်မှုလုပ်ငန်းမှာ ဝင်လုပ်ပေးနေတဲ့ကောင်လေး ချယ်ရီနဲ့ ချစ်စရာကောင်းတဲ့အရာမှန်သမျှကိုကြိုက်တတ်တဲ့ စမိုင်းဆိုတဲ့ ဆယ်လီကောင်မလေးတို့နှစ်ယောက်ဟာ ကံစီမံရာဆုံတွေ့မှုတစ်ခုကနေစလို့ တစ်လှမ်းချင်းနီးစပ်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း တစ်ယောက်ရဲ့ယုံကြည်ချက်မရှိဖြစ်နေရတဲ့အချက်ကို တစ်ယောက်က လက်ခံမြတ်နိုးပေးတဲ့အဆင့်ထိ ရောက်လာခဲ့ကြပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ဘဝရှေ့ရေးမှာ တစ်ခုသောပြဿနာက ကြားဝင်လာတဲ့အခါမှာတော့… အဲ့ဒီပြဿနာကို ရအောင်ဖြေရှင်းသွားပြီး လက်ချင်းတွဲသွားမလား။ လက်မြှောက်အရှုံးပေးသွားမလားဆိုတာကိုတော့ ဇာတ်ကားထဲရှုစားလိုက်ကြပါခင်ဗျ။