
ဒီကားကတော့ 90’s kid တွေရဲ့အသည်းစွဲ ကားလေးဖြစ်မယ်လို့ ထင်ပါတယ်။ လက်ရှိ Kingdom ဇာတ်ကားထဲက Ashin လေး မင်းသမီး Jun ji-hyun နဲ့ မင်းသား Jang-hyuk တို ဟန်ချက်ညီညီသရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီကားရဲ့ ကိုရီးယားနာမည်ကလည်း ဆန်းပါတယ်။ “ငါ့ကောင်မလေးကိုမိတ်ဆက်ပေးမယ်”တဲ့။ ဒီကားလေးဟာ နာမည်အတိုင်းပဲ ဂိုမြောင်ဝူးဆိုတဲ့ ရူပဗေဒဆရာတစ်ယောက်ရဲ့ ကောင်မလေးအကြောင်းမိတ်ဆက်ထားတာပါ။ သူ့နာမည်က ယောဂယောင်ဂျင်း။ တလွဲတွေလုပ်တတ်တဲ့ရဲမေ။ ဘယ်လောက်တောင်တလွဲ လုပ်လဲဆိုရင် ဂိုမြောင်ဝူးနဲ့စတွေ့ကတည်းက သူခိုးနောက်လိုက်နေတဲ့ မြောင်ဝူးကို သူခိုးမှတ်ပြီးဖမ်းတဲ့သူ။ ဒီလိုနဲ့သူတို့နှစ်ယောက်ဆုံခဲ့ကြတယ်။ ကံကြမ္မာဆိုတာကလည်း ဆူကြုံနိမ့်မြင့်ပဲမဟုတ်ပါလား။ နှစ်ယောက်အတူတူပျော်ခဲ့ရသလို ဝမ်းနည်းရမှာတွေလည်း ကြုံခဲ့ရတယ်။ ဒီလို ချို တစ်လှည့် ခါးတစ်လှည့်နဲ့ သူတိုနှစ်ယောက်ရဲ့အကြောင်းကို ဟာသလေးတွေစွက်ပြီး ဖော်ပြထားတဲ့ Comedy Romance Drama အမျိုးအစား လေးပါ။ IMDb 7.2 တောင် ရတယ်ဆိုပေမယ့် ငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းလိုတောင်ဖြစ်နေတဲ့ ဒီကားက ပြန်ကိုကြည့်သင့်တဲ့ ကားမျိုးပဲ မဟုတ်ပါလား။