
ဒီကားနာမည်ကိုတော့ anime fan တော်တော်များများကြားဖူးကြမှာပါ။ စာအုပ်ဖတ်ရတာ အရမ်းကြိုက်တဲ့ကောင်မလေး ရှီဇုကု နဲ့ သူဖတ်တဲ့စာအုပ်တိုင်းမှာ အမြဲတွေ့ရတဲ့ အမဆဝ ဆဲဂျီ ဆိုတဲ့ကောင်လေးတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးအကြောင်းလေးပါ။ ဇာတ်လမ်းမှာတော့ စာအုပ်ဖတ်ရတာကြိုက်ပြီး ပုံမှန်ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ရှီဇုကုရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့စဖွင့်ထားပါတယ်။ စာအုပ်ဂျိုးတစ်ယောက်ပီပီ စာအုပ်အင်မတန်ဖတ်တဲ့ ရှီဇုကုတစ်ယောက် သူဌားသမျှစာအုပ်တိုင်းရဲ့ စာအုပ်ဌားစာရင်းမှာ ပါနေပြီး သူ့ထက်အရင် စာအုပ်တိုင်းကို ကြိုဖတ်ထားနှင့်ပြီးတဲ့ အမဆဝ ဆဲဂျီဆိုတဲ့သူကို သတိပြုမိပြီးနောက် သူဟာဘယ်သူလဲ ဘယ်လိုလူမျိုးလဲ ဆိုတာကို သိချင်စိတ်ပြင်းပြနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အမဆဝ နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံပြီး ရင်းနှီးကျွမ်းဝင်သွားခဲ့ကြပြီးတဲ့နောက် တစ်နေ့မှာတော့ အမဆဝက နိုင်ငံခြားမှာတယောလုပ်တာကို သင်ဖို့ဖြစ်လာခဲ့ပြီး နှစ်ယောက်သား ရှင်ရက်နဲ့ကွဲသွားကြမလား တွဲပဲတွဲသွားကြမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စောင့်ကြည့်ပေးကြပါခင်ဗျာ။