
ဒီတစ်ခါမှာတော့ covid 19ကြောင့်အိမ်မှာနေရတဲ့ကာလမှာ ဒီကပ်ရောဂါလိုမျိုး ကပ်ရောဂါဆိုးတစ်ခုကျရောက်မှုကြောင့် လူသားတွေကနေ သွေးစုပ်ဖုတ်ကောင် ဖြစ်သွားရတဲ့ သူတစ်ယောက်အကြောင်း ကြည့်ကြည့်ကြမလား။ ဒီကားလေးက၂၀၁၃ခုနှစ်ကထွက်ရှိထားတာဖြစ်ပြီး စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်လည်းဖြစ်ပါတယ်။ Zombie တစ်ကောင်ဖြစ်တဲ့ “R”ဟာ သူနဲ့မျိုးတူ zombie အုပ်စုနဲ့အတူ လူသားတွေနဲ့နံရံတစ်ဖက်ခြားထားတဲ့ မြို့စွန်က လေယာဉ်ကွင်း တစ်ခုမှာနေထိုင်ပါတယ်။ သူ့အချစ်ဆုံးသူငယ်ချင်းကတော့ “M”လို့ခေါ်တဲ့ အသက်ကြီးကြီး zombie တစ်ကောင်ပေါ့။ “R”က သူ့ဘဝဟာ အဓိပ္ပာယ်မဲ့ လျှောက်သွားနေရပြီး နာမည်အရင်းတောင်မသိတဲ့ အလကား ကောင်လို့ခံစားနေရပါတယ်။ ဒါ့အပြင် တခြား zombie တွေလို လူသားမစားချင်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးတော့ အတွေးများတဲ့ zombie ကို အရင်ကမမြင်ဖူးဘူးဆိုရင် “R”က တစ်ဆုံးတွေးပြပါလိမ့်မယ်။ တစ်နေ့မှာတော့ အဓိပ္ပာယ်မဲ့နေတဲ့ သူ့ဘဝထဲကို “ဂျူလီ”ဆိုတဲ့ ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ်။ “ဂျူလီ”က သူမအဖေရဲ့အမိန့်နဲ့အတူ သူငယ်ချင်းတစ်စုနဲ့ zombie တွေရှိရာ မြို့လေးကို ဆေးဝါးရှာဖို့ရောက်ရှိလာခြင်းဖြစ်တယ်။ “ဂျူလီ”တို့အုပ်စုနဲ့ “R”တို့အုပ်စုတွေ့ကျတဲ့အခါ သမားရိုးကျ zombie ကားတွေလို အချင်းချင်း တိုက်ခိုက်ကြမလား။ “R”ကရော “ဂျူလီ”ကိုတွေ့တဲ့အခါ ဘာလုပ်လိုက်မလဲ။ နောက်ပိုင်းမှာရော ဆေးဝါးတွေရှာတွေ့သွားမလား ဆိုတာကို ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအနေနဲ့ စိတ်ဝင်တစား စောင့်ကြည့်လိုက်ကြပါဦး။