
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2021 June လမှာထွက်ရှိထားပြီး IMDb 6.9 ရရှိထားတဲ့ Musical/Animation ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကောင်တွေအနေနဲ့ကတော့ အန်းဒရစ်စ်ဟက်နန်းဒဇ်နဲ့ မာတာစန်ဒိုဗယ်ဆိုတဲ့ တေးသံရှင်နှစ်ယောက်အပြင် အန်းဒရစ်စ်ရဲ့တူမဖြစ်သူ ဂါဘရီလာနဲ့ အန်းဒရစ်စ်မွေးစားခဲ့တဲ့ ဗီဗိုလို့ခေါ်တဲ့ kinkajou ကောင်လေးတို့ဖြစ်ပြီးတော့ ဗီဗိုနဲ့ဂါဘရီလာတို့က အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်ပါတယ်။ ဇာတ်ကားလေးရဲ့အကျဉ်းချုပ်ကတော့ အန်းဒရစ်နဲ့မာတာတို့ရဲ့ ကူဘာမြို့ဖျော်ဖြေပွဲပြီးတဲ့အချိန်မှာ အန်းဒရစ်စ်ကသူ့ခံစားချက်တွေကို ဖော်ထုတ်ဖို့လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဟားဗားနားမြို့ရဲ့တေးသံရှင်အဖြစ် ကမ်းလှမ်းခံရတဲ့နောက် ကူဘာမြို့ကနေ မာတာထွက်သွားတဲ့နေ့မှာ သူ့ခံစားချက်တွေနဲ့ပတ်သက်ပြီး သူမအတွက် တေးသီချင်းတစ်ပုဒ်ရေးစပ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ အန်းဒရစ်စ်ဟာ ကူဘာမြို့မှာ ဗီဗိုလေးနဲ့အတူ မြို့ထဲကလူတွေကို ဖျော်ဖြေပေးပြီး စိတ်ချမ်းမြေ့စွာနဲ့လုပ်ကိုင်စားသောက်ဖြတ်ကျော်ခဲ့ကြ တာပေါ့။ အဲဒီလိုနဲ့တစ်ရက်မှာ မာတာရဲ့နှုတ်ဆက်ပွဲနောက်ဆုံးညကို တက်ရောက်ပြီး သူမနဲ့အတူ ဖျော်ဖြေပေးဖို့ အန်းဒရစ်စ်ဆီ ကမ်းလှမ်း စာရောက်လာခဲ့တာပေါ့။ အဲဒီပွဲမှာ မာတာကိုထုတ်မပြောဖြစ်ခဲ့တဲ့ သူ့ခံစားချက်တွေကို သီစပ်ထားခဲ့တဲ့သီချင်းကို လက်ဆောင်ပေးပြီး သူ့အချစ် တွေကို ထုတ်ဖော်ခွင့်ရတော့မယ်ဆိုပြီး ပျော်နေခဲ့ပေမယ့် နောက်တစ်ရက်မှာပဲ အန်းဒရစ်စ် ဆုံးသွားခဲ့ပါတယ် အဲဒီလိုနဲ့မာတာအပေါ်မှာထားရှိတဲ့ အန်းဒရစ်စ်ရဲ့ခံစားချက်တွေနဲ့ ရေးဖွဲ့သီစပ်ခဲ့တဲ့ အချစ်သီချင်းတစ်ပုဒ်ကို ဖျော်ဖြေပွဲအမှီရောက်အောင် ဂါဘရီလာနဲ့ဗီဗိုတို့က ဘယ်လိုကြိုးစား အားထုတ်ကြမလဲ၊ဘယ်လိုစွန့်စားမှုတွေနဲ့ တွေ့ကြုံရမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားရမှာပါ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ Musical/Animation ဆိုတဲ့အတိုင်း တေးသီချင်းတွေလဲပါဝင်ပြီး ဟာသတွေ အချစ်တွေအပြင် ဘယ်လောက်ပဲ အခက်အခဲတွေ ရင်ဆိုင်ရပါစေ မကြောက်မရွံပဲ ရှေ့ဆက်တိုးပြီး လုပ်ဆောင်ဖို့အတွက် ဖော်ပြထားတဲ့ animation ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပြီး ကြည့်သင့်ပါတယ်နော်
Options | Quality | Language | Size |
---|---|---|---|
HD 1080p | MM | 2.2 GB |