
ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပြောရရင် သွေးစုပ်ဖုတ်ကောင်ဆိုရင် နာမည်ကြီးတဲ့ Count Dracula နဲ့ နာမည်ကျော် အမဲလိုက်မုဆိုးကြီး ဗန်ဟဲလ်ဆင်းတို့ အကြောင်ကို ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြမ်းကြမ်းရမ်းရမ်းမို့ မကြည့်ရသေးတွေရော၊ ကြည့်ဖူးတဲ့သူတွေရော ပြန်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။