
ဒီဇာတ်ကားလေးကတော့ Mr. Vampire ရဲ့အဆက် ငါးကားမြောက်ဇာတ်ကားဖြစ်ပြီးတော့ ရှေ့ကဇာတ်ကားများလိုပဲ အင်မတန် ကြည့် ကောင်းတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားဟာဆိုရင် ရှေ့ဇာတ်ကားများနဲ့မတူတာက နှိမ်နင်းရမယ့် ဖုတ်ကောင်က တရုတ်ဖုတ်ကောင်မဟုတ်ဘဲ နိုင်ငံခြားက သွေးစုပ်ဖုတ်ကောင် ဖြစ်နေတာပါပဲ။ ဒီဇာတ်ကားမှာဆိုရင် ရယ်မောစရာဟာသလေးတွေ အပြင် ဖုတ်ကောင်အငယ်လေးရဲ့ ချစ်စရာ အမူအရာလေးတွေပါ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ပြောရရင် ကျွန်တော်တို့ရဲ့သရဲနိုင်ဆရာကြီး ဆရာရီမေဟာ သူတပည့် နှစ်ကောင်နဲ့ သရဲတွေကို လိုက်နှိမ်နင်းရင်း ရွာသူကြီး အကူအညီတောင်းထားတဲ့ ရွာရဲ့ရေပြဿနာကို ဖြေရှင်းပေးရပါတော့တယ်။ အဲ့မှာ မမျှော်လင့်ဘဲ ရေတွင်းတူးရမယ့်နေရာကို လင်းနို့တစ်သိုက်က ရွှေ့သွားတာနဲ့ သွေးစုပ်ဖုတ်ကောင်ကြီး ပြန်ပေါ်လာပါတော့တယ်။ သူတို့ဆရာ တပည့်တွေ ဘယ်လိုမျိုးနှိမ်နင်းကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး..
Mr.Vampire Movies List | Link |
---|---|
Mr.Vampire (1985) | Click Here |
Mr.Vampire II (1986) | Click Here |
Mr.Vampire III (1987) | Click Here |
Mr.Vampire Saga 4 (1988) | Click Here |
Vampire vs Vampire (1989) | Click Here |
Magic Cop (1990) | Click Here |
The Musical Vampire (1992) | Click Here |