![[18+] The Forbidden Legend Sex & Chopsticks 2 (2009)](https://www.shwepannthee.video/wp-content/uploads/2009/03/MV5BZjhiMDU5ZjktM2IwNi00OGNmLTkwNWUtOThiMGExNzcyODkxXkEyXkFqcGdeQXVyMzc1NTUwNjM@._V1_-185x278.jpg)
Tunnel ကတော့ 2016ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီးတော့ Ha Jung woo,Bae Du Na, Oh DalSuစတဲ့ သရုပ်ဆောင်ကောင်းများစွာ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။Chunsa Film Festival မှာ Best Male Actorဆုကို ရရှိခဲ့သလို Blue Dragon awardမှာ လဲ Popular Star award ကိုရရှိခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါ တယ်။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဟာ Kim Sunghoon ဖြစ်ပြီးတော့ လက်ရှိမှာ Kingdom zombie seriesတွေကို producing လုပ်နေတဲ့သူပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကားအရောင်းသမား တစ်ယောက်ဖြစ်တဲ့ လီဂျောင်ဆူ(Ha Jung woo) ဟာ အိမ်ကိုပြန်လာတဲ့လမ်းမှာ လှိုဏ်ခေါင်းပြိုကျမှုနဲ့ကြုံပြီး လှိုဏ်ခေါင်းထဲမှာ ပိတ်မိသွားပါတယ် ကယ်ဆယ်ရေး တွေဟာလဲ ထင်ထားတာထက်ပိုကြာအောင် ရောက်မလာနိုင်ခဲ့ကြပါဘူး။ သူ့မှာရှိတာဆိုလို့ ရေသန့်ဘူးလေးနှစ်ဘူးရယ် သမီးအတွက်ဝယ် လာတဲ့ ကိတ်လေးတစ်ခုပဲရှိတာပါ။ဒီ ကျောက်တုံးတွေနဲ့ပဲ ပြည့်နေတဲ့လှိုဏ်ခေါင်းထဲမှာ သူအသက်ရှင်ဖို့ ဘယ်လိုကြိုးစားနေထိုင်ရမလဲဆိုတာ၊ ကယ်ဆယ်ရေးတွေအနေနဲ့ သူ့ကို ကယ်တင်ဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ်