
တပ်မှူးစူးစန့်ဟာ ချင်မင်းဆက်ရဲ့ မင်းသားကိုယ်တိုင်က ချီးမြှောက်ရတဲ့အထိ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အိမ်မက်ကတော့ အတော်ဆုံးသိုင်းသမားနဲ့ ပညာချင်းယှဉ်ပြိုင်ပြီး သိုင်းကျောင်းလေးထောင်ကာ မိသားစုနဲ့ပဲ အေးအေးဆေးဆေးဘဝကို ဖြတ်သန်းလိုသူပါ။ ယွမ်လဲ့ဆိုသူကတော့ စူးစန့်မိဘတွေက သူတို့မောင်နှမနှစ်ယောက်ကို မွေးစားထားတဲ့အတွက် စူးစန့်ရဲ့ အစ်ကိုဖြစ်သလို စူးစန့် မိန်းမရဲ့ အစ်ကိုဖြစ်တဲ့အတွက် စူးစန့်ရဲ့ ယောက်ဖ ဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ စူးစန့်ရဲ့မိဘတွေက ယွမ်လဲ့တို့မောင်နှမကို မွေးစားထားရတဲ့အကြောင်းက ဘာကြောင့်များဖြစ်မလဲ…။ စူးစန့်ကရော အကောင်းဆုံးပြိုင်ဘက်ကို ရှာတွေ့ပြီး သူနေချင်တဲ့အတိုင်း ဘဝကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းသွားရမှာလား… ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုရမှာဖြစ်ပြီး သိုင်းကားကြိုက်သူတွေအတွက် မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။