
အခုမိတ်ဆက်ပေးမယ့်ကားလေးကတော့ transporter seriesထဲက သုံးကားမြောက် ထွက်ရှိလာတဲ့ ကားလေးပါ ၂၀၀၈ ခုနှစ်က ထွက်ရှိထားတဲ့ အက်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် မင်းသား Jason Statham ကပဲခေါင်းဆောင်မင်းသား အဖြစ်ပါဝင်ထားပြီး မင်းသမီး Natalya Rudakova လည်း ပါဝင်အားဖြည့်ထားပါတယ် ဇာတ်လမ်းအစမှာတော့ စွန့်ပစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ သင်္ဘောတစ် စီးဟာ အိုဒါဆာ ဆိပ်ကမ်းကိုရောက်လာပါတယ် ဖရန့်ခ်နဲ့ တာကိုနီတို့ဟာ ငါမျှားထွက်နေကြတုန်း တာကိုနီ့ဆီကို မာစီဒီးကားတစ်စီး အစစ်ဆေးမခံပဲ ဖြတ်မောင်း သွားတဲ့အကြောင်း ဖုန်းတစ်ခုဝင်လာတဲ့အတွက် ရဲစခန်းကိုပြန်သွားရပါတယ် အဲဒီညမှာပဲ ဖရန့်ခ်ရဲ့အိမ်ထဲကို မာစီးဒီးကားတစ်စီး မောင်းဝင် လာပါတယ် ကားပေါ်မှာတော့ ဖရန့်ခ်ရဲ့လုပ်ဖော်ကိုင်ဖက် မယ်လ်ကွန်ဟာ သေနတ်ဒဏ်ရာနဲ့ ရှိနေပါတယ် လူနာတင်ယာဉ် ခေါ်ပေး ခဲ့ပေမဲ့ လူနာတင်ကားကပေါက်ကွဲသွားခဲ့ပါတယ် ကားနောက်ခန်းထဲမှာ မိန်းကလေးတစ်ယောက်ကို တွေ့ပြီး ဖရန့်ခ် မေ့လဲသွားခဲ့ပါတယ် သူသတိ ပြန်ရလာတဲ့ အချိန်မှာတော့ လူတစ်ယောက်က အဲဒီမိန်းကလေးနဲ့ အထုပ်နှစ်ထုပ်ကို ပို့ပေးဖို့ ခြိမ်းခြောက်ခံခဲ့ရပါတယ် ဖရန့်ခ်လည်း မတတ် သာပဲ လက်ခံခဲ့ရပါတယ် ဖရန့်ခ်မှာရော အဲဒီကောင်မလေးမှာပါ လက်ပတ်တွေ ဝတ်ပေးထားပြီး ကားကနေ ဝေးဝေးသွားတာနဲ့ ပေါက်ကွဲမှာ ဖြစ်ပါတယ် ဖရန့်ခ်ဟာ အဲဒါကို ဖြုတ်ဖို့ သူငယ်ချင်း တစ်ယောက်စီသွားခဲ့ပေမဲ့ မိသွားခဲ့ပါတယ် လမ်းမှာ ဖရန့်ခ်ဟာ တာကိုနီနဲ့ ဖုန်း အဆက်အသွယ်ရပြီး ဒါတွေက ဘာနဲ့ ဆက်စပ်နေသလဲဆိုတာ ရှာဖို့ကြိုးစားပါတော့တယ် ကောင်မလေး က ဝန်ကြီးချုပ်ရဲ့ သမီးဖြစ်ပြီး စွန့်ပစ် ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေ ဆိပ်ကမ်းကို ဆိုက်လို့ရအောင် ဝန်ကြီးချုပ်လက်မှတ်ရဖို့ အလဲအလှယ်လုပ်ထားတာကို သိခဲ့ရပါ တယ် ဖရန့်ခ်ဟာ ကောင်မလေးကို လူဆိုးတွေ လက်ကနေ ဘယ်လို ကယ်တင်မလဲ?ဒီတခါမှာရော ဖရန့်ခ်နဲ့ တာကိုနီရဲ့ ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်သွားဦးမလားဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်စောင့်ကြည့် လိုက်ပါ IMDb 6.1/10 ပဲရရှိထားပေမဲ့ အက်ရှင်ခန်းတွေက စိတ်လှုပ်ရှားဖွယ်ကောင်းပြီး မိုက်တဲ့ အတွက် မလွတ်တတမ်းကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကားပါ
Movie Names | Webpage Link |
---|---|
The Transporter(2002) | Click Here |
Transporter 2(2005) | Click Here |
Transporter 3(2008) | Click Here |
The Transporter Refueled (2015) | Click Here |