
ဒီကားလေးကတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိထားတဲ့ action/thriller ဇာတ်ကားကောင်းလေးဖြစ်ပါတယ် မင်းသား Jason Statham ကပဲ ဖရန့်ခ် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ဖရန့်ခ်ဟာ ပြင်သစ်ကနေ အမေရိကကိုရောက်ရှိနေပြီး ချမ်းသာတဲ့ ဘေးလ်လင်း မိသားစုဆီမှာ ယာယီ ကား ဒရိုင်ဘာ အဖြစ်ဆောင်ရွက်နေတာပါ ကျောင်းပို့ကျောင်းကြိုလုပ်ရင်း ဖရန့်ခ်ဟာ ဂျက်ခ်ဘေးလ်လင်းနဲ့ ရင်းနှီးလာပါတယ် တစ်နေ့မှာတော့ ဂျက်ခ်ကို လူဆိုးအဖွဲကပြန်ပေးဆွဲခဲ့ပြီး ငွေနဲ့ပြန်ရွေးခိုင်းခဲ့ပါတယ် ဖရန့်ခ်ကတော့ သာမန်ပြန်ပေးဆွဲမှု မဟုတ်ကြောင်း သတိထားမိခဲ့ပြီး အဲဒီ အဖွဲ့နောက်ကိုသူငယ်ချင်းဖြစ်တဲ့ ရဲအုပ်တီကိုနီရဲ့ အကူအညီနဲ့ လိုက်လံစုံစမ်းခဲ့ပါတယ် ထင်ထားတဲ့အတိုင်း ပြန်ပေးဆွဲတဲ့သူဟာ လူလုပ်ဗိုင်းရပ်စ် တစ်မျိုးကို ဂျက်ခ်ကိုယ်ထဲ ထိုးထည့်ခဲ့ကြောင်းသိလိုက်ရပါတယ် ဖြေဆေးဟာလည်း ပြန်ပေးဆွဲအဖွဲ့ဆီမှာသာရှိပြီး အချိန်မီ မထိုးနိုင်ပါက အသက်အန္တရာယ်ထိပါထိခိုက်လာနိုင်ပါတယ် ပြန်ပေးဆွဲအဖွဲ့ဟာ ဂျက်ခ်ကို မစ္စတာဘေးလ်လင်းတို့ဆီ ပြန်ပိုပေးခဲ့ပါတယ် အဲဗိုင်းရပ်စ်ဟာ လေထဲမှတစ်ဆင့် ကူးစက်နိုင်တဲ့အတွက်ကြောင့် မစ္စတာ ဘေးလ်လင်းနဲ့ မစ္စဘေးလင်းနဲ့ ဖရန့်ခ်တိုကိုပါကူးစက်သွားပါတယ် အဲအဖွဲ့ရဲ့ တကယ့် ပစ်မှတ်ကမစ္စတာဘေးလ်လင်းဖြစ်ပြီး သူတက်ရောက်မည့်ပွဲမှာရှိမယ့် ကိုယ်စားလှယ်တွေကို ပစ်မှတ်ထားခဲ့တာပါ ဖြေဆေးကိုရော ဖရန့်ခ် တစ်ယောက် ဘယ်လိုရအောင်ယူမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါ IMDb rating 6.3/10 ရရှိထားတဲ့ action ကား ကောင်းလေးတစ်ကားပါ
Movie Names | Webpage Link |
---|---|
The Transporter(2002) | Click Here |
Transporter 2(2005) | Click Here |
Transporter 3(2008) | Click Here |
The Transporter Refueled (2015) | Click Here |
Transporter 2 နဲ့ Taken 2 နဲ့က မှားနေတာ