
ဒီတစ်ခေါက်မှာတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိထားတဲ့ train to Busan ဆိုတဲ့ဇာတ်ကားလေးပါ။ ဒီဇာတ်ကားဟာဆိုရင် Gong Yoo, Ma DongSeok, Choi Wooshik,Jung Yumi စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားသလို ပြသချိန်မှာလဲ အားပေးမမှုတွေ တခဲနက် ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ကိုရီးယားzombie ဇာတ်ကားတွေရဲ့ ကဏ္ဍသစ်တစ်ရပ်ကိုပြသနိုင်ခဲ့တဲ့ ကားလေးဖြစ်ပြီး တော့ Baeksung awards, Blue Dragon awards စတဲ့ ဆုပေးပွဲကြီးတွေကနေ ဆုပေါင်းများစွာရရှိခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့…. ဆော့ဝူ(Gong Yoo) ဟာ သူ့သမီးလေးနဲ့အတူ ဘူဆန်မြို့ကိုသွားဖို့အတွက် ရထားစီးပြီးထွက်ခဲ့ကြပါတယ် အဲ့ဒီအချိန်မှာပဲ ကိုရီးယားရဲ့ တခြားနေရာတွေကတော့ အမျိုးအမည်မသိတဲ့ တိုက်ခိုက်မှုတွေကြောင့် ဆူပူမှုတွေဖြစ်ပေါ်နေတာပါ။ အဲ့ဒီဆူပူမှု တွေရဲ့ အရင်းခံဖြစ်တဲ့ zombie virus ကူးစက်ခံရသူတစ်ယောက် ရထားပေါ်ပါလာခဲ့တဲ့အခါမှာတော့…. ရထားပေါ်မှာပါလာတဲ့ သူအားလုံး ဘေးကင်းနိုင်ပါ့မလား။ သူတို့သွားလိုတဲ့ခရီးဖြစ်တဲ့ ဘူဆန်ကိုရောရောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆော့ဝူရဲ့ သမီးလေးကို ကာကွယ်ဖို့ကြိုးစားတဲ့ ဖခင်မေတ္တာနဲ့ ကြိုးစားမှုတွေကိုပါတွေ့မြင်ရမှာဖြစ်ပါတယ်။
Header 1 | Header 2 |
---|---|
Train to Busan 2 Peninsula (2020) | Click Here |