
သိပ်မကြာသေးခင်ကမှထွက်ထားတဲ့ Top Gun: Maverick ဇာတ်ကားဟာဆိုရင် ရုပ်ရှင်ချစ်သူတွေကြားမှာ တော်တော်ရေပန်းစားသွားခဲ့ပြီး ပရိသတ်တချို့ကလည်း Top Gun နံပါတ် (၁) ကိုပါ ပြန်ကြည့်ချင်ပါတယ်လို့ တောင်းဆိုလာကြတာကြောင့် နံပါတ် (၁) ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ မက်ဗရစ်ခ်နဲ့ ကြက်ဖရဲ့အဖေဖြစ်သူ ငန်းတို့နှစ်ယောက် တော့ပ်ဂန်းကျောင်းကိုရောက်ရှိလာပြီး လေ့ကျင့်ရေးတွေဆင်းကြတာတွေနဲ့ မက်ဗရစ်ခ်ရဲ့ငယ်ဘဝ၊ အဓိကအားဖြင့် lovelife ကို ပုံဖော်ပြသထားပြီး မက်ဗ်နဲ့ ငန်းတို့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြသလဲဆိုတာတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြက်ဖ မက်ဗ်ကိုမုန်းသွားရတဲ့ အကြောင်းအရင်းပြည့်ပြည့်စုံစုံကိုလည်း ဒီဇာတ်ကားရဲ့ အဓိကအချိုးအကွေ့တစ်ခုအဖြစ် မြင်ရမှာပါ။ IMDb rating အနေနဲ့လည်း ဒုတိယကားလောက်မမြင့်ပေမဲ့ 6.9 အထိရရှိထားတာမို့ ကြည့်ပျော်တယ်ဆိုတာထက်ကိုပိုတဲ့ အဆင့်တစ်ခုမှာရှိနေပြီး စွန့်စားခန်းတွေနှစ်ခြိုက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပါ။ Top Gun ကို အခုမှစပြီးကြည့်မှာဆိုတဲ့ ရွှေပန်းသီးပရိသတ်ကြီးတို့အနေနဲ့လည်း ဒီကားလေးကြည့်ပြီးတာနဲ့ sequel ဖြစ်တဲ့ Top Gun : Maverick ကိုပါ SPT website မှာတင်ဆက်ပေးပြီးသားမို့ တစ်ဆက်တည်းကြည့်ရှုလို့ရပါတယ်နော်။
Movies Name | Webpage | Telegram Link |
---|---|---|
Top Gun (1986) | Click Here | Click Here |
Top Gun: Maverick (2022) | Click Here | Click Here |