
ဒီတစ်ခါမှာတော့ လောလောလတ်လတ်ထွက်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကောင်းဖြစ်တဲ့ Top Gun : Maverick နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက အရင် Top Gun ကားရဲ့အဆက်ဖြစ်ပြီး ဒီကားမှာဆိုရင် ရေတပ်ဌာနရဲ့ ထိပ်တန်းလေယာဉ်မောင်းဖြစ်သူ မက်ဗရစ်ခ်ဟာ အထက်လူကြီးရဲ့အမိန့်ကိုဆန့်ကျင်ပြီး လေယာဉ်စမ်းသပ်ပျံသန်းရာမှာ ကျရှုံးခဲ့တဲ့အတွက် အထက်လူကြီးရဲ့စိတ်ပျက်မှုကိုခံရပြီး သူ့ရဲ့မူရင်းဌာနေဖြစ်တဲ့ တော့ပ်ဂန်းကို ရာထူးချခံရပြီး ပြောင်းရွှေ့လာရပါတော့တယ်။ အဲဒီမှာသူ့အလုပ်က အောင်မြင်ဖို့မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ မစ်ရှင်တစ်ခုကိုထမ်းဆောင်ဖို့အတွက် ဆင့်ခေါ်ထားတဲ့ အထူးတပ်သား (၁၂) ယောက်ကို လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ ဒီမှာပဲ သူ့အတိတ်ကအရိပ်လိုလိုက်နေခဲ့တဲ့ မှတ်ဉာဏ်ဆိုးတွေကလည်း တစ်ဖန်ပြန်နိုးထဖို့ဖြစ်လာပြီး မက်ဗ်တစ်ယောက် သူ့အပြစ်ကြွေးကို ပြန်ဆပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ ဒီကားမှာဆိုရင် တိုက်လေယာဉ်ဝိဇ္ဇာကြီးမက်ဗ်အနေနဲ့ သူ့တပည့်တွေကို ခက်ခဲလှတဲ့မစ်ရှင်အောင်မြင်စေဖို့ ဘယ်လိုတွေလေ့ကျင့်သင်ကြားပေးမလဲ၊ ဆရာတစ်ယောက်အနေနဲ့ တပည့်တွေအပေါ် ဘယ်လိုအနစ်နာခံပေးဆပ်မလဲဆိုတာတွေအပြင် လေကြောင်းတိုက်ပွဲတွေကိုပါ အသက်ဝင်အောင်ရိုက်ပြထားတဲ့အတွက် အက်ရှင်မကြိုက်တဲ့သူတွေကိုတောင် ဒီကားလေးကဆွဲခေါ်သွားမှာ အသေအချာပါပဲ။ မင်းသား၊ မင်းသမီးတွေအနေနဲ့ကလည်း အက်ရှင်ကားကောင်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Tom Cruise နဲ့ ကိုးဆယ်နှောင်းပိုင်းခေတ်မှာ ဆယ်ကျော်သက်လူငယ်တွေကြား အရမ်းရေပန်းစားခဲ့တဲ့ Jennifer Connelly က ပါဝင်သရုပ်ဆောင်ထားတာမို့ casting ပိုင်းမှာလည်း အပြစ်ပြောစရာမရှိပါဘူး။ IMDb Rating အနေနဲ့လည်း 8.6 အထိကိုရရှိထားတာမို့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မယ်ဆိုတာ တကူးတကပြောနေစရာ မလိုလောက်တာမို့ ဇာတ်ကားလေးကြည့်ရင်းပဲ အတူတူပျံသန်းလိုက်ကြရအောင်နော်…
Movies Name | Webpage | Telegram Link |
---|---|---|
Top Gun (1986) | Click Here | Click Here |
Top Gun: Maverick (2022) | Click Here | Click Here |