
Tom Raider (2018) စွန့်စားရှာဖွေ ခရီးသွားတဲ့ကားမျိုးကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားဆိုတာ ပြောရဲပါတယ်။ Tom Raider ကို အဓိကမင်းသမီးဇာတ်ကောင် Lara Croft ဆိုတဲ့နာမည်နဲ့ လူသိများပြီး ၂၀၀၁ ခုနှစ်ကတည်းက နာမည်ကြီး PS ဂိမ်းထဲတစ်ခုအဖြစ် ထွက်ရှိပြီးသား ဖြစ်ပါတယ်။ အခု ဇာတ်လမ်းထဲမှာလည်း Lara Croft ရဲ့ ကြည့်ရတာတန်လွန်းတဲ့ တိုက်ခိုက်ချက်တွေ စတန့်ကွက်တွေကြောင့် စိတ်လှုပ်ရှားဖွယ် သည်းထိပ်ရင်ဖို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Lara Croft ဟာ သူမ ငယ်ငယ်လေးတုန်းက စွန့်စားခရီးထွက်သွားပြီး ပြန်မလာတော့တဲ့ အဖေ့နောက်ကို ခြေရာခံလိုက်သွားရင်း ရှေးဟောင်းနေရာတစ်ခုနဲ့ သူ့ရဲ့လျှို့ဝှက်ချက်ကို ကာကွယ်ဖို့ကြိုးစားပေးသွားမယ့် ဇာတ်ကောင်အဖြစ် မြင်ရမှာဖြစ်ပါတယ်။ ရှေးဟောင်းနေရာက လျှို့ဝှက်ချက်က ဘာများလဲ? Lara Croft ကရော သူမအဖေနဲ့ ပြန်လည်ဆုံစည်းခွင့်များ ရနိုင်ပါ့မလား? Lara Croft ရဲ့ ဇာတ်ကောင်နဲ့ အင်မတန် လိုက်ဖက်လွန်းတဲ့ မင်းသမီး Alicia Vikandar မှ အဓိကပါဝင် ပီပြင်စွာသရုပ်ဆောင်ထားပြီး နာမည်ကျော် Roar Uthaug မှ စီစဥ်ရိုက်ကူးထားတဲ့ Tom Raider ဇာတ်ကားကောင်းကို အခုပဲ Download ရယူလိုက်တော့နော်။ သတင်းကောင်းအနေနဲ့ Tom Raider (2) ကလည်း လာမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိမယ်လို့ အချိန်ဇယားနဲ့ထွက်ရှိပြီး ဖြစ်တာ ကြောင့် ဆက်လက်ကြည့်ရှုကြဖို့ အားတင်းထားကြပါဦးနော်။