
ဒီဇာတ်ကားလေးက တော့လက်ရှိ ၂၀၂၁ မှာမှ ပူပူနွေးနွေးထွက်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ် ဒါရိုက်တာယွန်း ယောင်ဘင်း ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီး အက်ရှင်မင်းသားများစွာလည်းပါဝင်ပါတယ် ဂန်းရုန်းကအကြီးမားဆုံးလူဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂီဆော့ဆီကို ဆိုးလ်က နေလာတဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ အီမင်ဆော့ ရောက်လာပြီးတော့ ဂန်းရုန်းရဲ့အကြီးဆုံး အပန်းဖြေစခန်းကို ဂီဆော့တို ဂိုဏ်းဆီက နေလုဖိုကြိုးစားပါတော့တယ် နှစ်ယောက်စလုံးက ခေါင်းဆောင်တွေဖြစ်တဲ့အလျောက် သာမန်အချိန်မှာတော့ လေးစားမှုရှိကြ ပေမယ့် စီးပွားရေးအရ ငြိလာချိန်မှာတော့ တကယ့်တိုက်ပွဲစတင်ပါတော့တယ် လူသတ်ဖို့ဝန်မလေးတဲ့ အီမင်ဆော့ကတော့ ပန်းတိုင်ရောက်ရေး အတွက် တစ်ယောက်ပြီးတစ်ယောက်ကြိုတင်သတိပေးခြင်းမရှိဘဲ အကုန်သတ်ပစ်ခဲ့ပြီး ဂီဆော့တိုဂိုဏ်းရဲ့အစ်ကိုကြီးကိုပါသတ်ပြီး ဂီဆော့ကိုပါ ရန်မူလာပါတယ် ဂီဆော့က ညှာပေးခဲ့ပေမဲ့ သူ့အစ်ကိုကြီးပါထိလာချိန်မှာတော့ ငဲ့ညှာမပေးတော့ဘဲ အီမင်ဆော့ကို သတ်ဖို့ ပန်းတိုင်တစ်ခုတည်း ကိုသာ ဦးတည်ပြီး ပြန်လည်တိုက်ခိုက်ပါတော့တယ် လောဘရဲ့အဆုံးသတ်ဒေါသရဲ့ အဆုံးသတ်က နောက်ဆုံးဘယ်လိုအဆုံးသတ်မှာလဲ ဘယ်သူ ကအနိုင်ရမှာလဲ လူဆိုးဂိုဏ်းတွေရဲ့တကယ့်လက်တွေ့အခြေအနေတွေကိုပါသိရအောင် စိတ်ဝင်စားဖွယ်ကြည့်ရမည့် အက်ရှင်ဇာတ်ကား ကောင်း တစ်ကားပဲဖြစ်ပါတယ်